မိုးညှင်းမြိုနယ်၌ သစ်ခွဲသားများတင်လာသည့် ၆ ဘီးကား တံတားအားဖြတ်စဥ်တံတားကျိုးကျ၍ ၂ ဦးသေဆုံး

0
58

မိုးညှင်းမြိုနယ်၌ သစ်ခွဲသားများတင်လာသည့် ၆ ဘီးကား တံတားအားဖြတ်စဥ်တံတားကျိုးကျ၍ ၂ ဦးသေဆုံး

ကချင်ပြည်နယ်၊မိုးညှင်းမြိုနယ်၊နန့်ပုတ်ကျေးရွာတွင်လမတ် ၃၀ ရက်နံနက်ပိုင်းက သစ်ခွဲသားများတင်လာသည့် ၆ ဘီးကားသည် တံတားဖြတ်သန်းမောင်းနှင်စဥ် တံတားကျိုးကျကာ ကားပြုတ်ကျသွားခဲ့သဖြင့် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ၆ ဘီးကားသည် သစ်ခွဲသားများအား တံ တားခံနိုင်ဝန် ၁၃ တန်ထက်ကျော်လွန်ကာ တင် ဆောင်လာခြင်းဖြစ်ပြီး ဖြတ်သန်းမောင်းနှင်စဥ် တံတားကျိုးကျခဲ့ခြင်းဖြစ်သည်။

“တံတားခံနိုင်ဝန်က ၁၃ တန် ကားပေါ်ပါလာတဲ့သစ်ခွဲသားနဲ့ကားအလေးချိန်နဲ့ပေါင်းရင် ၁၇ တန်လောက်အထိဖြစ်သွားတော့ တံတားကကျိုးကျသွားတာပါ ကားကတံတားအလယ်လောက်ရောက်တော့ကျိုးကျသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် ကားစပယ်ယာဖြစ်သည့် အသက် (၂၀)နှစ်ခန့်အမျိုးသားနှင့်ယာဥ်မောင်းကိုအောင်မြင့်ထွန်း(၃၂)နှစ်တိုမှာ ထိခိုက်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“တစ်ယောက်ကတော့အခင်းဖြစ်နေရာမှာပဲသေတယ် နောက်တစ်ယောက်ကတော့ ဆေးကုနေတုန်းသေသွားတာပါ”ဟုဒေသခံတစ်ဦးကပြော သည်။

အဆိုပါ နန့်ပုတ်တံတားသည် ၂၀၁၆ ခုနှစ်ကဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အရှည် ၁၅၀ ပေနှင့်အကျယ် ၁၂ ပေရှိကာ ကျေးရွာကုန်ထုတ်လမ်းအတွက် ရည်ရွယ်၍ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here