လုပ်ကိုင်နေဆဲလုပ်ငန်းများ မတည်ငွေတိုးခြင်းနှင့် မဂ္ဂါဝပ် ၂၀ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံအပါအဝင် လုပ်ငန်း(၇)ခုကို MICခွင့်ပြု

0
160

လုပ်ကိုင်နေဆဲလုပ်ငန်းများ မတည်ငွေတိုးခြင်းနှင့် မဂ္ဂါဝပ် ၂၀ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံအပါအဝင် လုပ်ငန်း(၇)ခုကို MICခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို မတ်လ ၃၀ရက်နေ့က နေပြည်တော်ရှိ ရုံးအမှတ်-၁၈ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြု လုပ်ခဲ့ရာ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ က ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုပေးခဲ့သည်။

ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ လုပ်ငန်းသစ်ခုနစ်ခုကို ခွင့်ပြုခဲ့သည်ဟုသိရသည်။

ခွင့်ပြုခဲ့သောလုပ်ငန်းများတွင် တည် ဆောက်ရေးကာလ ခြောက်လအတွင်း မဂ္ဂါဝပ် ၂၀ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၇၅၉ သန်းနှင့် ငွေကျပ် ၄၃၃၂၇ ဒသမ ၄၅၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၅၅၃ နေရာကို ဖန်တီး ပေးနိုင်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောဆိုထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၈ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈၄ ဒသမ ၆၈၆ သန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၃၈ ခုက စုစုပေါင်း ငွေကျပ် ၄၆၈၃၉၃ ဒသမ ၅၂၈ သန်းဖြင့် လည်းကောင်း ခွင့်ပြုခဲ့ပြီး အလုပ် အကိုင်အခွင့်အလမ်းပေါင်း ၄၂၈၈၀ ဖန်တီးပေးနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here