ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်သည့် အသက် ၂ဝကျော်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ

0
345

ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်သည့် အသက် ၂ဝကျော်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ

ကရင်ပြည်နယ် ၊ ဘားအံမြို့၏သမိုင်းဝင် အထင်ကရတောင်တစ်တောင်ဖြစ်သော ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်ခဲ့သည့် အမျိုးသမီးငယ်တစ်ဦးမှာ ယနေ့အချိန်အထိ တောင်ခြေသို့ပြန်လည်ဆင်းသက်လာခြင်း မရှိဘဲ ပျောက်ဆုံးနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ မိန်းကလေးငယ်မှာ ယမန်နေ့ မတ်လ ၃၀ ရက် မွန်းလွဲပိုင်းအချိန်ဝန်းကျင်တွင် ဇွဲကပင်တောင်၏ အနောက်ဘက်တောင်တက်လမ်း တစ်ခုဖြစ်သည့် လုမ္ပဏ္ဏီဥယျာဉ်ဘက်အခြမ်းမှ တက်ရောက်ခဲ့ပြီး ယင်းနေ့ ညမိုးချုပ်ချိန်အထိ ပြန်လည်ဆင်းသက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေခြင်ဖြစ်သည်။

ထိုကြောင့် ယနေ့ မတ်လ၃၁ ရက် နံနက်ပိုင်းတွင် ဒေသတွင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သို့သော် ယနေ့ ရှာဖွေမှုတွင် သဲလွန်စ တစ်စုံတရာရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကို တစ်နေ့တာ ရပ်ဆိုင်းခဲ့ရပြီး ၊ နောက်ရက်များတွင် ဆက်လက်ရှာဖွေသွားမည်ဖြစ်သည်။

“ ဒီနေ့အတွက်တော့ ရှာဖွေရေး သိမ်းလိုက်ပြီ၊ မနက်ဖြန်ပြန်ဆက်ရှာကြမယ်။ ဒီလို သဲလွန်စမရဘဲ ရှာဖွေရတာ ခက်တယ်။ အရင်ဖြစ်စဉ်တွေမှာက ဆိုင်ကယ်သော့ကျန်ခဲ့တာတို့ ၊ ဘာတို့ ရှိတော့ သဲလွန်စရတော့ ရှာရတာလွယ်တယ်။ အခုက ဘာသဲလွန်စမှ မရဘူး။ “ဟု သတင်းအရင်းအမြစ်က ဆိုသည်။

ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်ရင်း ပျောက်ဆုံးနေသူမှာ အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးငယ်မှာ ဘားအံမြို့ တစ်ဖက်ကမ်း ဘားကပ်ကျေးရွာအုပ်စု၊ တောကြီးကုန်းကျေးရွာနေထိုင်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇွဲကပင်တောင်တွင် ၂၀၂၀ ခုနှစ် ဇွန်လအတွင်းက ဘားအံတက္ကသိုလ်၌ ဂုဏ်ထူးတန်း ပထမနှစ်တက်ရာက်နေသော ကျောင်းသူတစ်ဦးဖြစ်သူ မဇာခြည်မြင့်မြတ် ပြုတ်ကျသေဆုံးခဲ့သည့် အပြင် ယင်းနှစ် ဇူလိုင်လအတွင်းတွင် ဘားအံတက္ကသိုလ် ဘူမိဗေဒတတိယနှစ် ကျောင်းသားဖြစ်သူ မောင်ခွန်မင်းမော်ကွန်း ခုန်ချသေဆုံးမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် နိုင်ငံခြားသားတစ်ဦးလည်း အဆိုပါတောင်ပေါ်မှ ပြုတ်ကျသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။၏


LEAVE A REPLY

Please enter your comment!
Please enter your name here