ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ဧပြီ ၄ ရက်ရုံးချိန်း၌ အပြီးသတ်လျှောက်လဲချက်ပေးမည်

0
290

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ ရွေး ကောက်ပွဲဆိုင်ရာအမှုအ တွက် ဧပြီ ၄ ရက်ရုံး ချိန်း၌ အပြီးသတ်လျှောက်လဲချက်ပေးမည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်တို့သည် စစ်တွေအကျဥ်းထောင်တွင်းအထူးတရားရုံး၌ ရွေး ကောက်ပွဲဆိုင်ရာဥပဒေဖြင့်ထပ်မံတရားရင်ဆိုင်နေရသည်။

အဆိုပါ အမှုအတွက် ပြီးခဲ့သည့်အပတ်ရုံးချိန်း၌ တင်သွင်းထားသည့် တရားခံပြသက်သေ ၃ ဦးအနက် ၁ ဦးကိုသာစစ်ဆေးခဲ့ပြီး ကျန် ၂ ဦးအား တရားရုံးမှပယ်ချခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဧပြီ ၄ ရက်၌ပြုလုပ်မည့် ရုံးချိန်း၌ ဦးညီပုနှင့်ဦးမင်းအောင်တို့ဘက်မှလိုက်ပါဆောင် ရွက်ပေးနေသည့် ရှေ့နေများမှအပြီးသတ်လျှောက်လဲချက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ခံပြသက်သေ ၃ ယောက်ထဲက ၂ ယောက်ကိုပယ်ပြီး ၁ ယောက်ကိုပဲစစ်လိုက်တာဆိုတော့ နောက်ရုံးချိန်းကြရင် အပြီးသတ်လျှောက်လဲချက်ပေးရတော့မှာပါ အကောင်းဆုံးဖြစ်အောင်တော့ကြိုး စားနေပါတယ်”ဟုရှေ့နေတစ်ဦးကပြောသည်။

ဦးညီပုအား ရွေးကောက်ပွဲဆိုင်ရာမလျှော်သြဇာသုံးစွဲမှုဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)ဖြင့် တရားစွဲဆိုထားကာ ဦးမင်းအောင်းကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)အပြင် အား ပေးကူညီမှုဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၀၉ ဖြင့်ထပ်တိုးတရားစွဲဆိုထားသည်။

အဆိုပါ အမှုအတွက် ဦးညီပုနှင့်ဦးမင်းအောင်တို့အား ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ ဒု တိယညွှန်ကြားရေးမှူးတစ်ဦးက တရားလိုပြုလုပ် ၍ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၈ ရက်တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here