ဇွဲကပင်တောင်ပေါ်၌ ပျောက်ဆုံးခဲ့သည့် အမျိုးသ မီးအား ဦးခေါင်းကြေမွဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိ

0
285

ဇွဲကပင်တောင်ပေါ်၌ ပျောက်ဆုံးခဲ့သည့် အမျိုးသ မီးအား ဦးခေါင်းကြေမွဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိ

ဘားအံမြို့နယ်၊ဇွဲကပင်တောင်ပေါ်၌ မတ် ၃၀ ရက်တွင် ပျောက်ဆုံးခဲ့သည့် အမျိုးသမီးတစ်ဦးအား ရှာဖွေကယ်ဆယ်ရေးများလုပ်ခဲ့ရာမှ ဧပြီ ၁ ရက်(ယနေ့)နံနက် ၈ နာရီခွဲခန့်၌ ဦးခေါင်းကြေမွဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရသည့် အမျိုးသမီးသည် မတ် ၃၀ ရက်နေ့လည် ၁ နာရီခွဲခန့်က အမျိုးသားတစ်ဦးနှင့်အတူ ဇွဲကပင်တောင်ပေါ်သို့တက်ရောက်ခဲ့ခြင်းဖြစ် သည်။

နေ့လည် ၃ နာရီခွဲခန့်၌ ယင်း အမျိုးသမီးနှင့်အတူတက်ရောက်ခဲ့သည့် အမျိုးသားမှာတစ်ဦးတည်းပြန်ဆင်းလာသည်ကိုတွေ့ရှိခဲ့ရပြီး အမျိုးသမီးမောင်းနှင်လာသည့် ဆိုင်ကယ်အား လာရောက်ယူ ဆောင်ခြင်းမရှိသဖြင့် ဇွဲကပင်ဂေါပကအသင်းမှတာဝန်ရှိသူများ၏ သတင်းပေးချက်အရ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဘားအံခရိုင်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအ သင်းဝင်များက မတ် ၃၁ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်၍ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ရှာဖွေခဲ့ရာမှ ဧပြီ ၁ ရက်နံနက်ပိုင်းတွင် ပျောက်ဆုံးနေသည့် အမျိုးသမီးအား အထက်ရေ တံခွန်အနီး မြောင်းထဲ၌ ဦးခေါင်းကြေမွဒဏ်ရာများဖြင့်သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သဖြင့် လူ နာတင်ကားဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ပြန်တွေ့တဲ့အချိန်မှာ ကောင်မလေးကခေါင်းမှာ ဒဏ်ရာတွေနဲ့သေဆုံးနေပါတယ် ရုပ်အလောင်းကိုလည်း သစ်ရွက်တွေ သစ်ခက်တွေနဲ့အုပ်ထားတယ် အထက်ရေတံခွန် ဘုရားလေးနားက မရမ်းပင်အောက်ကနေပြန်တွေ့ခဲ့တာပါ”ဟုဘားအံမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးခဲ့သည့် အမျိုးသမီးသည် မဇာခြည်လှိုင် (၂၂)နှစ်ဖြစ်ကာ ဒုတိယနှစ် သင်္ချာဘာသာဌာန၌ တက်ရောက်နေသူတစ်ဦးဖြစ်ကာ သေဆုံးမှုဖြစ်စဥ်အား ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြု လုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here