ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) ဥက္ကဌအပါအဝင် ရန်စီးကျောင်းသား ၄ ဦးအား အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီအမိန့်ချခံရ

0
98

ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) ဥက္ကဌအပါအဝင် ရန်စီးကျောင်းသား ၄ ဦးအား အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီအမိန့်ချခံရ

ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) ဥက္ကဌ ကိုခန့်သူအောင် ၊ ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး ၊ ကိုဖြိုးကျော့နိုင် ၊ ကိုမင်းဟိန်းခန့်တို့အား ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

မတ်လ၃၁ရက်နေ့က အမိန့်ချလိုက်ခြင်းဖြစ်ကာ ချုပ်ရက်ခံစားခွင့်ပါရခဲ့သည်ဟုသိရသည်။

မယဉ်မြတ်နိုးဦး သည် ၂၀၂၂ ဖေဖော်ဝါရီ၁၇ရက်ကတာမွေတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ( ချုပ်ရက်ခံစားခွင့်ရှိ) ချမှတ်ခြင်းခံခဲ့ရပြီး ယခုထပ်မံ၍ မင်္ဂလာတောင်ညွန့်မတရားရုံးမှ ၅၀၅-က ပုဒ်မ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃နှစ် ထပ်မံချမှတ်ခြင်းခံခဲ့ရသူဖြစ်သည်။

ချုပ်ရက်ကို တစ်မှုသာခံစားခွင့်ရှိသောကြောင့် မယဥ်မြတ်နိုးဦးသည် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၅နှစ် ချမှတ်ခံရကြောင်း သိရသည်။

ကိုခန့်သူအောင် ၊ ကိုဖြိုးကျော့နိုင် ၊ ကိုမင်းဟိန်းခန့် ၊ မယဉ်မြတ်နိုးဦးသည် ၁၃၊၄၊၂၀၂၁ တွင် တာမွေမြို့နယ်၌ သပိတ်သို့အသွား ဖမ်းဆီးခြင်း ခံခဲ့ရသူများဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here