ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းတွင် ဂတ်စ်သယ်လာသည့် ကား ၂ စီးမီးရှို့ဖျက်ဆီးခံရဟု နစက ထုတ်ပြန်

0
228

ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းတွင် ဂတ်စ်သယ်လာသည့် ကား ၂ စီးမီးရှို့ဖျက်ဆီးခံရဟု နစက ထုတ်ပြန်

တနင်္သာရီတိုင်း၊ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းပေါ်၌ ဂတ်စ်သယ်ဆောင်လာသည့် ၁၂ ဘီးကား ၂ စီး ဧပြီ ၁ ရက်နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

မေတ္တာမြို့ရှိ ကစယ်ဒိုထူးကုမ္ပဏီမှ ဂတ်စ်ဝယ်ယူ ၍ ထားဝယ်မြို့သို့ ပြန်လာသည့် ၁၂ ဘီးကား ၂ စီးသည် နံနက် ၁၁ နာရီခန့်၌ ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်း၏ ရမ္မဇူကျေးရွာနှင့်ပခမ်ကျေး ရွာကြားအရောက် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

အမည်မသိလက်နက်ကိုင် ၂၀ ဦးခန့်က လမ်း၏ အနောက်မြောက်ဘက်မီတာ ၁၀၀ ခန့်အကွာတောင်ကုန်းမှ လက်နက်ငယ်/တူမီးသေနတ်များဖြင့် အဆတ်မပြတ်ပစ်ခတ်ခဲ့သဖြင့် ကားမောင်းသူ ၂ ဦးမှာ ကားပေါ်မှဆင်း၍ထွက်ပြေးစဉ် လက် နက်ကိုင်အဖွဲ့မှ ကား ၂ စီးအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ကား ၂ စီးအားမီးရှို့ဖျက်ဆီးခြင်းမပြုမီ ကားပေါ်တွင်ရှိသည့် ငွေ၊လက်ဝတ်ရတနာများနှင့်အသုံး အဆောင်ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များက စုံ စမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here