ဥရောပအာရှစီးပွားရေးယူနီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်

0
205

ဥရောပအာရှစီးပွားရေးယူနီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်

ဥရောပအာရှစီးပွားရေးကော်မရှင်နှင့်ရုရှားစီးပွား ရေးအဖွဲ့၏ကိုယ်စားလှယ်များ ရုရှားနိုင်ငံဆိုင်ရာသံအမတ်ကြီးဦးလွင်ဦးအား ဧပြီ ၁ ရက်က မော်စကိုမြို့ရှိ မြန်မာသံရုံး၌လာရောက်တွေ့ဆုံစဥ်ကရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ အစိုးရဝန်ကြီးဌာန၊အဖွဲ့အစည်းများ၊စီးပွားရေးလုပ်ငန်းများနှင့်ဆွေးနွေးညှိနှိုင်းသဘောတူညီမှုများရရှိခဲ့သည်ဟု ကိုယ်စားလှယ်အဖွဲ့ကရှင်းလင်းပြောကြားခဲ့သည်။

ဆွေးနွေးသဘောတူညီချက်များအနေဖြင့် မြန်မာ- ရုရှားနှင့်ဥရောပအာရှစီးပွားရေးယူနီယံ-မြန်မာတို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအား မြန်မာသံအမတ်ကြီးဦးလွင်ဦးအား ရှင်းလင်း‌ပြောကြားခဲ့သည်။

ဥရောပအာရှစီးပွားရေးကော်မရှင်နှင့်ရုရှားစီးပွား ရေးအဖွဲ့၏ ကိုယ်စားလှယ်များသည် မတ် ၂၃ ရက်မှ ၂၉ ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here