မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဥ် ပြန်လည်စတင်ခြင်းအား တရုတ်နိုင်ငံမှပံ့ပိုးကူညီသွားမည်

0
92

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဥ် ပြန်လည်စတင်ခြင်းအား တရုတ်နိုင်ငံမှပံ့ပိုးကူညီသွားမည်

တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်အန်းဟွေးပြည်နယ်၊ထွန်ရှီး၌ ဧပြီ ၁ ရက်ကတွေ့ဆုံစဥ် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဝမ်ယိမှ ပြောကြားခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးပြန်လည်သင့် မြတ်မှုအကောင်အထည်ဖေါ်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ခြင်းတို့အား တရုတ်နိုင်ငံမှထောက်ပံ့ကူညီပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးကြီးဝန်ယိကပြောသည်။

ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည် ဆောက်မှုအား တွန်းအားပေး၍ စက်မှုဇုန်၊နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓါတ်အားကွန်ရက်၊လမ်းပန်း ဆက်သွယ်ရေးအပြန်အလှန်ချိတ်ဆက်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ အ ဓိကအထင်ကရစီမံကိန်းများကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟုပြောသည်။

အလားတူ ကိုဗစ်(၁၉)ရောဂါတိုက်ဖျက်ရေး၊ကာ ကွယ်ဆေးပူးပေါင်းဆောင်ရွက်မှု၏ အပြုသ ဘောဆောင်သည့် အကျိုးသက်ရောက်မှုအား အ ပြည့်အဝဖေါ်ထုတ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံ ၏လိုအပ်ချက်အရ ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးနှင့်တိုက်ဖျက်ရေးဆိုင်ရာအထောက်အပံ့များကိုလည်း ဆက်လက်ပံ့ပိုးပေးအပ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယိကပြော သည်။

ဆင်းရဲမှုလျှော့ချရေးသရုပ်ပြပရောဂျက်များအား အမြန်မြှင့်တင်ကာ ရောဂါထိန်းချုပ်ရေးဌာန၊ကျေးလက်လမ်းနှင့်တံတားများ၊စက်မှုလေ့ကျင့်ရေးစင်တာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အရှိန်မြှင့်၍”သေးငယ်သော်လည်းလှပသော”အ သက်မွေးဝမ်းကြောင်းဆိုင်ရာပရောဂျက်များစွာကို ဦးစားပေးအကောင်အထည်ဖော်သွားမည်ဟုပြောသည်။

အလားတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင် စုဝန်ကြီးဦးဝဏ္ဏမောင်လွင်မှလည်း လက်ရှိ နိုင်ငံ တကာအခြေအနေ အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံ၏ စီးပွားရေးအ ခက်အခဲများအား စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲပြီးနောက် ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယိတို့သည် ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲသို့တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here