စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာတွင်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
142

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းကျေးရွာတွင် ဧပြီလ၁ရက်နေ့ ည၇နာရီခန့်က ကျေးရွာရှိ နေအိမ်တစ်အိမ်မှ အမျိုးသားတစ်ဦးသည် လက်နက်ကိုင်အကြမ်းဖက်သမားအချို့သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီး စပ်သူများထံမှ သိရသည်။

“သေနတ်နဲပစ်သတ်ခံရတဲ့သူက ကိုဆန်းညွန့်ဦးပါ။ညက သေနတ်သံကို ရွာထဲကလူတွေ ကြားလိုက်ရတယ်။ ခဏနေတော့ ကိုဆန်းညွန့်ဦးကို သေနတ်နဲ့ ပစ်သတ်သွားတာလို့သိရတယ်။ရွာထဲကလူတွေ ပြောနေကြတာတော့ သေသွားတဲ့သူကို ဒလန်ဆိုပြီး pdfတွေက လာသတ်သွားတာတဲ့´´ဟု ကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခံရမှုဖြစ်စဉ် ဧပြီလ၁ရက်နေ့ ည၇နာရီခန့်ညောင်ပင်ဝန်းကျေးရွာရှိ ဦးဆန်းညွန့်

ဦး၏ နေအိမ်သို့ အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦဆန်းညွန့်ဦးအား သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြောင်း၊ဦးဆန်းညွန့်ဦးသည် နဖူးပွင့်ထွက် သေနတ်ဒဏ်ရများရရှိကာ နေရာတွင် သေဆုံးသွားကြောင်း စုံစမ်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here