ဘဏ်များမှ ငွေထုတ်ယူခြင်းကန့်သတ်ပမာဏကိစ္စ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ပြင်ဆင်သတ်မှတ်

0
333

ဘဏ်များမှ ငွေထုတ်ယူခြင်းကန့်သတ်ပမာဏကိစ္စ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ပြင်ဆင်သတ်မှတ်

ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁ ရက် နေ့ကစပြီး ငွေသားစီမံခန့်ခွဲမှုချောမွေ့အဆင်ပြေစေရေးလိုက်နာဆောင်ရွက်ရန် သတ်မှတ်စာထုတ်ခဲ့သည်။

အပြည့်အစုံမှာ-

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များနှင့်ဘဏ်မဟုတ်သည့်ငွေရေးကြေးရေးအဖွဲ့ အစည်းများ၏ ငွေသားစီမံခန့်ခွဲမှုပိုမိုကောင်းမွန်စေရန်အတွက် ငွေသားထုတ်ယူရာတွင် ATM/POS (Card Less Withdraw အပါအဝင်) မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင် အများဆုံး ကျပ် (၅) သိန်း ၊ ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ် လျှင် အများဆုံး ကျပ် (၂၀) သိန်းနှင့် ကုမ္ပဏီ/အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံးကျပ် သိန်း (၂၀၀) အဖြစ် ယာယီလိုက်နာဆောင်ရွက်သွားရန်နှင့် အစိုးရဌာနများ ၊ စီးပွာရေးလုပ်ငန်းကြီး များ၏ လုပ်ခ/လစာများ ၊ ထောက်ပံ့ကြေးငွေများ ၊ ပင်စင်လစာများအတွက် ငွေထုတ်ယူခြင်းကို အထောက်အထားများစိစစ်၍ ဘဏ်များအနေဖြင့် မိမိ၏ငွေကြေးလက်ကျန်အခြေအနေအရ သတ်မှတ်ချက်ထက်ကျော်လွန်၍ ထုတ်ပေးရန် ညွှန်ကြားထားခဲ့ပါသည်။

အများပြည်သူများ Covid-19 ရောဂါကုသရာတွင် အသုံးပြုသည့်ဆေးဝါးများ ၊ အောက်စီ ဂျင် ၊ Oxygen Plant နှင့်ဆက်စပ်ပစ္စည်းများဝယ်ယူခြင်း ၊ ဆေးရုံ ၊ ဆေးခန်းနှင့် Quarantine Center များအတွက် အသုံးစရိတ်ကျခံခြင်းများအတွက် ခိုင်လုံသည့်အထောက်အထားများဖြင့် တင်ပြလာပါက စိစစ်၍ ငွေထုတ်ကန့်သတ်ချက်ထက်ကျော်လွန်ဆောင်ရွက်ပေးရန် ရည်ညွှန်း (၃) ပါ စာဖြင့် အကြောင်းကြားခဲ့ပြီးဖြစ်သည်။

ယခုအခါ ဘဏ်များ၏ငွေသားစီမံခန့်ခွဲမှုအခြေအနေကောင်းမွန်လာသည့်အပေါ် ဗဟိုဘဏ် မှ ဖြေလျော့ပေးနိုင်သည့်ကိစ္စရပ်များကိုစိစစ်ပြီး အများပြည်သူများငွေသားထုတ်ယူခြင်း ဆောင်ရွက် ရာတွင်အဆင်ပြေစေရန် ရည်ညွှန်း (၁) နှင့် ရည်ညွှန်း (၃) ပါကန့်သတ်ချက်ထက် ကျော်လွန်ခွင့်ပြု သည့်ကိစ္စရပ်များအပြင် အောက်ပါကိစ္စရပ်များအတွက် ယခင်သတ်မှတ်ပမာဏ ကျပ်သိန်း (၂၀) နှင့် ကျပ်သိန်း (၂၀၀) သတ်မှတ်ချက်ကိုကျော်လွန်၍ အောက်ပါသတ်မှတ်ချက်ပမာဏများအတိုင်း တိုးမြှင့်ထုတ်ယူခွင့်ပြုရန်အကြောင်းကြားခဲ့ပါသည်။

(က) အစိုးရဌာနများ၏သင်တန်းကျောင်းစရိတ်များ၊ ဆုချီးမြှင့်ငွေများ၊ ဝတ်စုံကြေး များ ၊ နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေများ ၊ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ငွေ များ၊ ဝန်ထမ်းဆုချီးမြှင့်ငွေများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများအတွက် ငွေသားထုတ်ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁,၀၀၀) ၊

(ခ) အစိုးရဌာနအသီးသီး၏ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာအသုံးစရိတ်များအတွက် ငွေသားထုတ်ယူမှုကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁,၀၀၀) ၊

(ဂ) ပြည်နယ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ အသုံးစရိတ်များ ၊ ဘတ်ဂျက်ငွေ ဖြင့်ဆောင်ရွက်သည့် ဒေသဖွံဖြိုးရေးစီမံကိန်းများ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း များ၊ ထောက်ပံ့ကြေးများ (ဥပမာ – လူမှုဖူလုံရေးဆိုင်ရာထောက်ပံ့မှုများ ၊ လူထု ဗဟိုစီမံကိန်းထောက်ပံ့မှုများ) နှင့် လျော်ကြေးကိစ္စများအတွက် ငွေသားထုတ် ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁,၀၀၀) ၊

(ဃ) စက်မှုဇုန်စက်ရုံများ၏ လုပ်ခလစာကိစ္စရပ်များအတွက် ကန့်သတ်ချက်မရှိ ထုတ်ပေး ခြင်းအပြင် ကုန်ကြမ်းဝယ်ယူခြင်းအတွက် ငွေသားထုတ်ယူမှုကို မိမိတို့၏ငွေကြေး လွယ်ကူမှုအပေါ်မူတည်၍ တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁,၀၀၀) ၊

(င) ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များအတွက် အထောက်အထားများ ပြည့်စုံခိုင်လုံပါက လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဘဏ်စာရင်းအသီးသီးမှငွေသား ထုတ်ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁၀၀) ဖြစ်သည်။

ယင်းအပြင် ဘဏ်စာရင်းအသစ်သို့ဝင်ရောက်ခြင်းဖြစ်ပါက အပ်နှံသည့် ငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုရန်နှင့် ရည်ညွှန်း (၄) ပါစာအရရောင်းသူစာရင်းသို့ ငွေသားထည့်သွင်းဆောင်ရွက်ခြင်းများအတွက် New Account များအပေါ် လက်ရှိဆောင်ရွက်ပေးလျက်ရှိသည့်အတိုင်း ငွေသားပေးသွင်းထားသည့်ပမာဏအပေါ် ငွေသား ထုတ်ယူခွင့်အပြည့်အဝရှိပြီး ဘဏ်စာရင်းအဟောင်းသို့ ငွေသားဖြင့်ဝင်ရောက်ခြင်းဖြစ်ပါက ငွေသား ပေးသွင်းသည့်ပမာဏအတိုင်း ငွေသားပြန်လည်ထုတ်ပေးရန် သတ်မှတ်ချက်များပြောင်းလဲမှုမရှိပါ။

ပို့ကုန်ရငွေ (Export Earning) ၊ Non Trade များဖြစ်သည့် ပြည်ပရောက် မြန်မာလုပ်သား များ၏လွှဲပို့ငွေ ( Worker Remittance ) ၊ လစာစရိတ်များ ၊ သင်္ဘောသားလစာများအပြင် နိုင်ငံ တကာအဖွဲ့အစည်းများ ၊ INGO / NGO များမှရရှိသော နိုင်ငံခြားငွေများ၊ တဖက်သတ်လွှဲပြောင်း

> Daw Thet Wai:
ပေးချေမှုများအဖြစ် ပြည်ပမှလွှဲပြောင်းပေးပို့လာသောငွေများ ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် (FDI) လွှဲပြောင်းငွေ ၊ ပြည်ပချေးငွေများအဖြစ် ဝင်ရောက်လာသောငွေများအတွက် မြန်မာကျပ်ငွေဖြင့် ပြောင်းလဲခြင်းဖြစ်ပါက New A/C တွင် ငွေသားဝင်သကဲ့သို့ စာရင်းပြောင်းနည်းဖြင့် ထည့်သွင်းပေး ရန်နှင့် ငွေသားထုတ်ယူလိုပါက Customer နှင့်ညှိနှိုင်းပြီး … ဘဏ်များ၏ငွေသားလွယ်ကူမှုအပေါ် မူတည်၍ ငွေသားထုတ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်ရန်ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက် အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအား အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင် စေရန်နှင့် ငွေပေးချေမှုစနစ်များပိုမိုထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အစဉ်တစိုက်ကြိုး ပမ်းလျက်ရှိရာ အများပြည်သူများအနေဖြင့် ငွေသားသုံးစွဲမှုလျော့ချပြီး အီလက်ထရောနစ်ငွေပေး ချေမှုနည်းလမ်းများဖြင့် ပိုမိုပေးချေရေးကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဘဏ်များ အနေဖြင့်လည်းငွေပေးချေမှုစနစ်များ အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ထပ်မံအသိပေးအကြောင်းကြားထားသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here