ကောလင်းမြို့ရှိ အ.လ.က(မြောက်အင်း)ကျောင်း လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲခံရပြီး ဗုံးသီးများဖြင့်ပါပစ်ခတ်ခံရဟု နစက ထုတ်ပြန်

0
266

ကောလင်းမြို့ရှိ အ.လ.က(မြောက်အင်း)ကျောင်း လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲခံရပြီး ဗုံးသီးများဖြင့်ပါပစ်ခတ်ခံရဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ကောလင်းမြို့၊မြောက်အင်းရပ်ကွက်ရှိ အ.လ.က(မြောက်အင်း)ကျောင်းသည် ဧပြီ ၂ ရက်နံနက်ပိုင်းက လက်လုပ်ရီမုမိုင်းဖြင့်ဖောက်ခွဲခံရကာ ကျောင်းဝင်းအတွင်းသို့လည်း ၄၀ မမ ဗုံးသီးများဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

အ.လ.က(မြောက်အင်း)ကျောင်း၏ မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ၌ မိုင်းထောင်ထားကြောင်းသတင်းအရ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံ ရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် လက်လုပ်ရီမုမိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျောင်းဝန်းအတွင်းသို့ ၄၀ မမ ဗုံးသီးများဖြင့် အကြမ်းဖက်အဖွဲ့မှ ထပ်မံပစ်ခတ်ခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

အဆိုပါ ၄၀ မမ ဗုံးသီးများသည် အ.လ.က (မြောက်အင်း)ကျောင်း၏ တန်းစီကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်တွင် ကျောင်းသား၊ကျောင်းသူများ၊ဆရာ၊ ဆရာမများနှင့်အဆောက်အဦများ ထိခိုက်ဒဏ် ရာရရှိမှုနှင့် ပျက်စီးဆုံးရှုးမှုများမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ထိုက်သင့်သည့်ပြစ်ဒဏ်များချမှတ်နိုင်ရေးတိုအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here