၂ ရက်အတွင်း ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၅၉ ဦးဖမ်းဆီးခံရ

0
259

၂ ရက်အတွင်း ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၅၉ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံရှိ ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီခမ်ခရိုင်နှင့်ကန်ကျနဘူရီခရိင်တို့တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ဧပြီ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ဧပြီ ၁ ရက်က ပရာကျွတ်ခီရီခမ်ခရိုင်ရှိ တောအတွင်းမှတရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား၊အမျိုးသမီး ၇၃ ဦးအားဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

ထို့ ပြင် ဧပြီ ၂ ရက်တွင်လည်း ကန်ကျနဘူရီခရိုင်အတွင်းမှ ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား၊အမျိုးသမီး ၈၆ ဦးအား ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

“ကန်ချဘူရီခရိုင်မှာဖမ်းမိတာက တစ်ကြိမ်တည်းအစုလိုက်အပြုံလိုက်မိတာမဟုတ်ဘူးဗျ ၃ ကြိမ်ခွဲမိတာ မြန်မာနိုင်ငံရဲ့နေရာစုံကနေလာတဲ့ မြန်မာ နိုင်ငံသားတွေပါ သူတိုအတွက်နစ်နာမှုတွေက တော့ရှိသွားပြီပေါ့ဗျာ”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားများမှာ ပဲခူးတိုင်း၊ ထားဝယ်မြို့၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်တို့မှာဖြစ်ကာ ထိုင်းနိုင်ငံရှိ ဘန် ကောက်မြို၊စမွတ်စခွန်ခရိုင်နှင့်ဖန်ငခရိုင်များ၌ အလုပ်လုပ်ရန်ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား စစ်ဆေးသိရှိချက်အရ ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၀၀၀၀ မှ ၂၅၀၀၀ အထိပေးချေခဲ့ရသည်ဟု သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား ထိုင်းကျန်းမာရေးအဖွဲ့မှကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းများသို့ လွှဲ ပြောင်း
ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here