မည်သည့်ခရီးသွားလာမှုမျိုးမဆို မှတ်ပုံတင်ပါမှရမည်

0
228

မည်သည့်ခရီးသွားလာမှုမျိုးမဆို မှတ်ပုံတင်ပါမှရမည်

၂၀၂၂ ဧပြီ၁ရက်ကစပြီး ခရီးသွား၊တည်းခိုကြရာတွင် ထောက်ခံစာဖြင့် လက်မခံတော့ဘဲ မှတ်ပုံတင်ပါရှိမှ ရရှိ၊လက်ခံတော့မည်ဖြစ်သည်။

အဆိုပါနေ့ကစပြီး ခရီးသွား၊တည်းခိုသူများမှတ်ပုံတင် ပါ၊မပါ သက်ဆိုင်ရာက လမ်းခရီးတစ်လျှောက် အဓိက ဝင်ပေါက်၊ထွက်ပေါက်များတွင် စစ်ဆေးလျှက်ရှိနေသည်ကိုတွေ့ရသည်။

“မှတ်ပုံတင်ပါမရင် ကားဂိတ်တွေကအစ လက်မခံတော့တာတွေ့ရတယ်”ဟု ယခုရက်ထဲ ခရီးသွားခဲ့သူတစ်ဦးကပြောသည်။

မှတ်ပုံတင်ပါ၊မပါ စစ်ဆေးမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ယခုရက်ထဲ နေပြည်တော်-ကံပြားလမ်း၊ မြို့သစ်နှင့် တောင်တွင်း ကြီးလမ်းခွဲရှိ ဆောက်လုပ်ရေးဧည့်ခန်းမ၌ ပူးပေါင်း စစ်ဆေးရေးဆောင်ရွက်နေသည့် နေရာသို့သွားရောက်ကာ စစ်ဆေးမှုများပင် ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

ဝန်ကြီးက နိုင်ငံသားတိုင်း နိုင်ငံသားကတ်(မှတ်ပုံတင်) ရရှိ ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိနေရာတွင်၊ နိုင်ငံသားကတ် ကို ယခင် မိုးပွင့်စီမံချက်ဖြင့် ကတ်ပြား ၈ ဒသမ ၄ သန်းကျော် ၊ သစ္စာစီမံချက်ဖြင့် ၆ ဒသမ ၂ သန်းကျော်၊ ယခုပန်းခင်းစီမံချက်ဖြင့် ၃ သန်းခန့် ဆောင်ရွက်ပေးပြီးဖြစ်၍ မပြုလုပ်ရသေးသူများ ကျန်ရှိ နေသေးသူများအတွက် အသိပေး နှိုးဆော်သည့်အနေဖြင့် ယခုကဲ့သို့ စစ်ဆေးရေးဂိတ် များနှင့် တည်းခိုနေထိုင်ရာ နေရာများ၊ နိုင်ငံသား ကတ်ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် နိုင်ငံသားကတ် ပါ/မပါ စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here