ရန်ကုန်မြို့သို့ရောက်ရှိမည့် ဆိုင်ကယ်အပိုပစ္စည်းများတင်ဆောင်လာသည့်ရထား တရုတ်နိုင်ငံမှစတင်ထွက်ခွာလာပြီဖြစ်

0
180

ရန်ကုန်မြို့သို့ရောက်ရှိမည့် ဆိုင်ကယ်အပိုပစ္စည်းများတင်ဆောင်လာသည့်ရထား တရုတ်နိုင်ငံမှစတင်ထွက်ခွာလာပြီဖြစ်

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင် ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား(ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ)သည် ဧပြီ ၂ ရက်မှစတင်၍ ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရထားသည် ကုန်းလမ်း-ရေကြောင်းလမ်း ကြောင်းသစ်အဖြစ် စတင်ပြေးဆွဲထွက်ခွာလာခြင်းဖြစ်ကာ ချုံချင့်မှထုတ်လုပ်သည့် ဆိုင်ကယ်အပိုပစ္စည်းများ သယ်ဆောင်လာကြောင်း သိရသည်။

ယင်း အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားသည် ယူနန်ပြည်နယ်၊မိုဟန်မှတဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်မည်ဖြစ်ကာ ဗီယင်ကျန်း၌ ကုန်းလမ်းပို့ဆောင်ရေးသို့ ပြောင်းကာ ထိုင်းနိုင်ငံသို့ ဖြစ်သန်းဝင်ရောက်မည်ဖြစ်သည်။

ထိုသို့ဘဖြတ်သန်းဝင်ရောက်ပြီးနောက် ခရီးဆုံးဖြစ်သည့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား အောင်မြင်စွာစတင်ထွက်ခွာနိုင်ခဲ့သဖြင့် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်သည် တရုတ်နိုင်ငံမှမြန်မာနိုင်ငံနှင့်အိန္ဒိယသမုဒ္ဒရာအား အပြည်ပြည်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးလမ်း ကြောင်းသစ်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here