သင်္ကြန်ရုံးပိတ်ရက်အတွင်း နေရပ်ပြန်လိုသူများအတွက် အထူးရထားပြေးဆွဲပေးသွားမည်

0
98

သင်္ကြန်ရုံးပိတ်ရက်အတွင်း နေရပ်ပြန်လိုသူများအတွက် အထူးရထားပြေးဆွဲပေးသွားမည်

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နေရပ်ပြန်လိုသူများအတွက် မြန်မာ့မီးရထားမှအထူးရထားပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရထားသည် ဝန်ထမ်းအများစုနေထိုင်သည့် နေပြည်တော်-ရန်ကုန် ရထားလမ်းပိုင်းအတွက်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပြေးဆွဲရာတွင် ဧပြီ ၈ ရက်၌ နေပြည်တော်ဘူတာမှ ည ၇ နာရီတွင် ရန်ကုန်ဘူတာကြီးသို့စ တင်ထွက်ခွာမည်ဖြစ်ကာ ဧပြီ ၁၇ ရက်ည ၇ နာရီ ၌ ရန်ကုန်ဘူတာကြီးမှနေပြည်တော်ဘူတာသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ရထားလက်မှတ်ခများအနေဖြင့် ရိုးရိုးတန်း ၂၈၀၀ ကျပ်နှင့်အထက်တန်း ၅၆၀၀ ကျပ်ဖြစ် ကြောင်း သိရသည်။

“ကောင်းတာပေါ့ဗျာ ကားခတွေစျေးတက်နေတယ်ကြားရတော့ ဒီနှစ်ကျွန်တော့်မိဘတွေဆီမပြန်နိုင်တော့ဘူးလို့ထင်နေတာ အခုရထားပြေးပေးမယ်ဆိုတော့ စျေးကလည်းအများကြီးသက် သာတော့ ဒီနှစ်လည်းအိမ်ပြန်နိုင်ပြီပေါ့ဗျာ”ဟုနေ ပြည်တော်ရှိ ဌာနဆိုင်ရာတစ်ခု၌တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးကပြောသည်။

မြန်မာ့မီးရထားမှ လက်ရှိဖြစ်ပေါ်နေသည့် အခက် အခဲအမျိုးမျိုးကြောင့် နေပြည်တော်-ရန်ကုန် ရ ထားလမ်းပိုင်းကိုသာပြေးဆွဲပေးနိုင်မည်ဖြစ်ပြီး ယခင်နှစ်များကပြေးဆွဲပေးခဲ့သည့် အခြားရထားလမ်းပိုင်းများအား သင်္ကြန်ရုံးပိတ်ရက်ကာလအ တွင်း အထူးရထား ပြေးဆွဲပေးနိုင်ခြင်းမရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here