ကန့်ဘလူမြို့နယ်ရှိ တိုင်းလွှတ်တော်ကိုယ်စား လှယ်ဟောင်းဒေါ်ခင်မျိုးချစ်နေအိမ်ချိတ်ပိတ်ခံရ

0
114

ကန့်ဘလူမြို့နယ်ရှိ တိုင်းလွှတ်တော်ကိုယ်စား လှယ်ဟောင်းဒေါ်ခင်မျိုးချစ်နေအိမ်ချိတ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ထန်းကုန်းကျေး ရွာနေ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ခင်မျိုးချစ်၏နေအိမ် ဧပြီ ၃ ရက်ကချိတ်ပိတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ခင်မျိုးချစ်၏နေအိမ်အား နံနက် ၈ နာရီကျော်ခန့်တွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်မျိုးချစ်အား နစက မှအကြမ်းဖက်အဖွဲ့များနှင့်ဆက်စပ် ပတ်သက်နေသဖြင့် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့်အမှုဖွင့်ခံ ထားရသူဖြစ်ကြောင်း သိရသည်။

“အိမ်ကိုလာပြီးချိတ်ပိတ်သွားကြတာတွေ့တယ် ဗီနိုင်းလည်းကပ်သွားတယ် အိမ်ကိုချိတ်ပိတ်တယ်ဆိုတဲ့အကြောင်းပေါ့ စစ်သားတွေ ရဲတွေကော မြို့နယ်ထွေအုပ်ကလူကြီးတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေကောပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဒေါ်ခင်မျိုးချစ်၏ နေအိမ်အပြင် ကန့်ဘလူမြို့ နယ်နေ ဦးစိုးမင်းအောင်ပိုင်ဆိုင်သည့် “လမင်းအောင်”ဘီယာဆိုင်နှင့်၎င်းပိုင်ဆိုင်သည့်နေအိမ်တို့ကိုလည်း ယင်းနေ့၌ပင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here