ပခုက္ကူမြို့မှ မြို့နယ်ပညာရေးမှူးသေနတ်ဖြင့် ပစ်သတ်ခံရ

0
385

ပခုက္ကူမြို့မှ မြို့နယ်ပညာရေးမှူးသေနတ်ဖြင့် ပစ်သတ်ခံရ

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့၊အမှတ်(၁၃)ရပ်ကွက်လမ်းပေါ်မှာ ဒီကနေ့ ဧပြီလ၅ရက်နေ့နံနက်၇နာရီခွဲခန့်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

သေနတ်ပစ်ခံခဲ့ရတဲ့အမျိုးသမီးဟာ မြို့နယ်ပညာရေးမှူးတာဝန်ထမ်းဆောင်နေတဲ့ သူလို့ လုံခြုံရေးအသိုင်းအဝိုင်း နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

“ဆိုင်ကယ်စီးလာတဲ့ ယောင်္ကျားလေး ၂ယောက်က ပစ်တယ်လို့တော့ သတင်းတွေ ကြားနေရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေနတ်ပစ်သံ ၃ချက်ထက် မနည်းကြားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ပခုက္ကူမြို့နယ်ပညာရေးမှူးပညာရေးမှူးဒေါ်တင်တင်ရီဟာ ဈေးဝယ်ရန်ထွက်လာချိန်မှာ အခုလို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။

လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေပြောပြချက်အရတော့ ဒေါ်တင်တင်ရီရဲ့ နောက်ကျောကို ကျည်ဆံထိ မှန်ခဲ့တယ်လို့ပြောပြကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here