မန္တလေးတွင် ပစ်ခတ်မှုများဆက်တိုက်ဖြစ်လာ၊ယနေ့မနက် အမျိုးသားတစ်ဦး လက်ဖက်ရည်ထိုင်သောက်နေစဉ် သေနတ်ပစ်ခံရ

0
196

မန္တလေးတွင် ပစ်ခတ်မှုများဆက်တိုက်ဖြစ်လာ၊ယနေ့မနက် အမျိုးသားတစ်ဦး လက်ဖက်ရည်ထိုင်သောက်နေစဉ် သေနတ်ပစ်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊သံ/နောက်ရပ်ကွက်၊လက်ပံရပ်၊၄၁(ဘီ)လမ်းနှင့်၉၁(အီး)လမ်းဒေါင့်ရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသော အမျိုးသားတစ်ဦး ယနေ့ ဧပြီလ၅ရက်နေ့နံနက် ၈နာရီခန့်က သေနတ်ပစ်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သော အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“သေသွားတဲ့သူက ဦးဆန်းလွင်ပါ။သေနတ်နဲ့ ၅ချက် ၆ချက်လောက်ပစ်သွားတာ။ သူ့ကို ဒလန်ဆိုပြီး ပစ်သတ်ကြတာတဲ့“ဟု သံ/နောက်ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဧပြီလ၅ရက်နံနက်၇နာရီ၅၅မိနစ်က ဦးဆန်းလွင်သည် သံလျက်မှော်အနောက်ရပ်ကွက်၊လက်ပံရပ်၊၄၁(ဘီ)လမ်းနှင့်၉၁(အီး)လမ်းဒေါင့်ရှိ ရွှေပြည့်အောင် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေစဉ် ၉၁(အီး)လမ်းအတိုင်း တောင်မှမြောက်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင်လာသော အမည်မသိအမျိုးသား၂ဦးမှ သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာမှ A USA 9MM LUGER အ မျိုးစားကျည်ခွံ ၃ ခုအားတွေ့ရှိခဲ့ရကာ သေနတ်ပစ်ခတ်မှုကြောင့် ဦးဆန်းလွင်၌ ဝဲဘက်ခြေသလုံးဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာလက်ဖျံဖောက်ဝင် ၁ ချက် ၊ ယာပါးမှ နှာခေါင်းဘေးဘက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပါးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာခြေသလုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး လူမှုကူညီရေးယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

မန္တလေးတွင် ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများဆက်တိုက်ဖြစ်လာနေကြာင်း မြို့ခံအချို့က မှတ်ချက်ပြုကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here