အာကာသအတွင်းမှ Spaceflight အစိတ်အပိုင်းတစ်ခု ရခိုင်ပြည်နယ်အတွင်း ကျရောက်နိုင်ကြောင်း ပြည်နယ်အစိုးရထုတ်ပြန်သတိပေး

0
142

အာကာသအတွင်းမှ Spaceflight အစိတ်အပိုင်းတစ်ခု ရခိုင်ပြည်နယ်အတွင်း ကျရောက်နိုင်ကြောင်း ပြည်နယ်အစိုးရထုတ်ပြန်သတိပေ

အာကာသအတွင်းမှ Spaceflight အစိတ်အပိုင်းတစ်ခု ရခိုင်ပြည်နယ်အတွင် ဧပြီလ ၇ ရက်နေ့တွင် ကျရောက်နိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာထားသည်။

ကျရောက်လာမည့်အချိန်သည် ယင်းနေ့ နံနက် ၆နာရီ ၁၈မိနစ်မှ ၆နာရီ၃၉ မိနစ်အတွင်း ကျရောက်လာနိုင်သောကြောင့် ရေကြောင်း သတိပေးချက် တစ်ခုကို ပြည်နယ်အစိုးရက အသိပေးထားသည်။

အာကာသအစိတ်အပိုင်းကျရောက်မည့်နေရာသည် ဘင်္ဂလာပင်လယ်အော်အတွင်း သံတွဲလေဆိပ်၏အနောက်တောင်ဘက် ရေမိုင် ၃၄ မိုင် ခန့်နှင့် မာန်အောင်လေဆိပ်၏အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့် အကွာ ဧရိယာအတွင်း ကျရောက်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းနှင့် ပတ်သက်၍ ကမ်းဝေးရေယာဉ်များအနေဖြင့် ဘေးအန္တာရာယ် ကင်းရှင်စေရန်အတွက် အဆိုပါ ဧရိယာအတွင်း ဖြတ်သန်းသွားလာရာ၌ အထူးသတိပြု သွားလာနိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here