ကိုဗစ်ကာလမှာ ​ကျေးလက်ခရီးသွားလုပ်ငန်းတွင်ကျယ်လာ

0
155

ကိုဗစ်ကာလမှာ ​ကျေးလက်ခရီးသွားလုပ်ငန်းတွင်ကျယ်လာ

တရုတ်နိုင်ငံ၏ အိမ်အငှားနှင့် တည်းခိုခန်းဝန်ဆောင်မှုလုပ်ငန်းသည် ကိုဗစ် ကြောင့် အခက်ကြုံနေရသော်လည်း အနီးအနားခရီးတိုအလည်ထွက်ကြခြင်း​ကြောင့် ကျေးလက်ရှိသန့်ရှင်းသပ်ယပ်​​သော အိမ်များနှင့်တည်းခိုခန်း​လေးများသည် တရုတ်ခရီးသွားများကြား ရေပန်းစားလာပါသည်။

“တရုတ်ခရီးသွားများသည် ခရီးတိုခရီးစဉ်​လေးများကို ကြိုက်ကြပြီး ကပ်ရောဂါဖြစ်ပွားကတည်းက တည်းခိုမည့်နေရာ ဘေးကင်း သန့်ရှင်းမှုကို အ​လေးထားလာခဲ့တယ်” ဟု Tujia ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌ Hu Yang က ပြောကြားခဲ့သည်။ .

Tujia တွင်စာရင်းသွင်းထားသောအွန်လိုင်းအိမ်ယာယူနစ်ပေါင်း ၂ သန်းကျော်ရှိပြီးကျေးလက်အိမ်များသည်မျှဝေနေထိုင်ဖို့အဌားရဆုံးဟုသူကပြောသည်။

Tujia အိမ်ဌားအကျိုး​ဆောင်တွင် ကျေးလက်နေ အိမ်များအတွက်ကြိုတင်ဘွတ်ကင်လုပ်ခြင်းသည် ကပ်​ရောဂါမဖြစ်ခင်ကထက် နှစ်စဉ် ၃၀ ရာခိုင်နှုန်း တိုးလာကာ ကျေးလက်ဒေသ အိမ်ရှင်များ အတွက် ယွမ် ၂ ဘီလီယံ (ဒေါ်လာ ၃၁၄.၆ သန်း) ကျော် ရရှိခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ကပ်ရောဂါကြောင့် ပြည်နယ်ဖြတ်ကျော်သွားလာမှုများကို ကန့်သတ်ထားသဖြင့်အနီးနား ခရီးတိုများကို နှစ်သက်သဘောကျလာကြကြောင်း ပြောကြားခဲ့သည်။ ကျေးလက် နေအိမ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းအ​ထောက်ကူပြုသည်။

ဌားရမ်းမူစရိတ်များလည်းဤကာလအတွင်း တစ်နှစ်ထက်တစ်နှစ် ၁၈ ရာခိုင်နှုန်းခန့်သက်သာလာသည်။

ခရီးသွားများသည် မြို့ကြီးများ၏ ရှုပ်ထွေးမွန်းကျပ်မှုများမှ လွတ်ကင်း​သော သဘာဝကို ထွေးပွေ့ကာ ကျေးလက်နေအိမ်များတွင် တည်းခိုသည့်အခါ ​တောဓ​လေ့အစားစာနှင့် ရိုးစာယဥ်​ကျေးမူဖျော်ဖြေရေးများကို ပိုမိုနှစ်သက်​ကြောင်း Hu က ပြောသည်။

စျေးကွက်အား​စောင့်ကြည့်​နေသည့် iResearch မှ “ပုံမှန်အားဖြင့် ဖောက်သည်မိတ်ဆုံပွဲများ၊ ပြန်လည်ဆုံဆည်းမှုများ၊ အဖွဲ့လိုက်ခရီးသွားများနှင့် မိသားစုအ​ပျော်ခရီးထွက်လိုသူများက ထို​ကျေးလက်အိမ်အဌားများကို ကြိုက်ကြသည် ” ဟု Lai က ဆိုသည်။

Ref:ChinaDaily

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here