မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတွင် ကျွဲ/နွားများတင်လာသည့် ၆ ဘီးကား မြောင်းထဲထိုးကျ ၂ ဦးသေဆုံး

0
171

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတွင် ကျွဲ/နွားများတင်လာသည့် ၆ ဘီးကား မြောင်းထဲထိုးကျ ၂ ဦးသေဆုံး

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး၏ ကော့နွဲ့တံတားအကျော်တွင် ဧပြီ ၆ ရက်(ယနေ့)နံနက်ပိုင်းက လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှသိရသည်။

ကျွဲ/နွားများတင်လာသည့် ၆ ဘီးကသည် ကော့နွဲ့တံတားအကျော်ရှိ ကျောက်ခွဲစက်ရှေ့ရှိ အမြင့် ၁၂ ပေခန့်ရှိရေမြောင်းအတွင်းသို့ထိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဥ်ဖြစ်တဲ့အချိန်က မနက် ၆ နာရီကျော်လောက်မှာဖြစ်တာ ဖုန်းသတင်းရလို့ ဖြစ်တဲ့နေရာကိုလိုက်ရှာတာမတွေ့ဘူး သတင်းပေးတဲ့လူကလည်းအတိအကျပေးတာ သေချာအသေးစိတ်ရှာမှတွေ့ရတာ ရေမြောင်းကမြင့်‌တော့မနည်းရှာခဲ့ရတယ်”ဟုပုလဲဖြူကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ၆ ဘီးကားမောင်းသူနှင့်လိုက်ပါလာသူတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိကာ ကားအောက်တွင်ပိမိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသဖြင့် တစ်ဦးအားစတင်ထုတ်ယူနိုင်ခဲ့ပြီး‌နောက် ကော့ကရိတိမြို့ပြည်သူ့ဆေးရုံသို့ဆေးကုသရန် ပို့ဆောင်စဥ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အရင်ကယ်ထုတ်နိုင်တဲ့တစ်ယောက်ကို ဆေးရုံပို့တုန်းလမ်းမှာသေသွားသလို ကျန်တဲ့တစ်ယောက်ကိုလည်း မနက် ၉ နာရီလောက်မှာ သေဆုံးလျက်ပဲကယ်ထုတ်နိုင်ခဲ့ပါတယ် နှစ်ယောက်လုံးကို ကော့ကရိတ်ဆေးရုံပို့ခဲ့ပါတယ်”ဟုပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြော သည်။

ဖြစ်စဥ်မှသေဆုံးခဲ့သည့် အမျိုးသား ၂ ဦး၏ ရုပ်အ​​လောင်းများအား မွန်းတည့် ၁၂ နာရီခွဲတွင် ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံမှတဆင့် ၎င်းတို့၏နေ အိမ်များသို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်း ၏ လူနာတင်ကားများဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here