ဆီထွက်သီးနှံဆိုင်ရာလုပ်ငန်းများ၌ ရင်းနှီးမြှုတ်နှံလိုသူများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်ဖိတ်ခေါ်

0
176

ဆီထွက်သီးနှံဆိုင်ရာလုပ်ငန်းများ၌ ရင်းနှီးမြှုတ်နှံလိုသူများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်ဖိတ်ခေါ်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဖိတ်ခေါ်လျက်ရှိသည်။

ထိုသို့ ဖိတ်ခေါ်ရာတွင် ဆီထွက်သီးနှံမျိုးစေ့ထုတ်လုပ်ခြင်း၊အကျိုးတူကန်ထရိုက်လယ်ယာ (Contract Farming)စနစ်ဖြင့်စိုက်ပျိုးခြင်း၊စားသုံးဆီ အမျိုးမျိုးကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းများအား ဦးစားပေးဖိတ်ခေါ်လျက်ရှိခြင်းဖြစ် သည်။

ထို့ကြောင့် ဆီထွက်သီးနှံနှင့်ပတ်သက်၍ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလုပ်ကိုင်လိုသည့် မြန် မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများနှင့်နိုင်ငံခြား သားရင်းနှီးမြှုပ်နှံသူများမှ အဆိုပြုလွှာများတင် ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များက လိုအပ်သည်များကို မြန်ဆန်စွာကူညီပေးသွားမည်ဟု သိရသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံလိုသူများသည် အသေး စိတ်သိရှိလိုသည်များအား ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်၊သစ္စာလမ်း၊အမှတ်(၁)ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၏ ဖုန်း +၉၅-၉-၂၀၂၃၈၂၁၊ +၉၅-၁-၆၅၈၁၃၂ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အီးမေးလ်လိပ်စာဖြစ်သည့် [email protected] , [email protected] တို့သို့လည်းစုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here