ပုသိမ်ကြီးမြို့နယ်ရှိ မြို့နယ်မီးသတ်စခန်း ရုံဝင်းအတွင်း လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ

0
91

ပုသိမ်ကြီးမြို့နယ်ရှိ မြို့နယ်မီးသတ်စခန်း ရုံဝင်းအတွင်း လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်ရှိ မြို့နယ်မီးသတ်စခန်းရုံးဝင်းအတွင်းသို့ ဧပြီ ၆ ရက်(ယနေ့)နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံခဲ့ရသည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

မြို့နယ်မီးသတ်စခန်းသည် ပုသိမ်ကြီးမြို့နယ်၊ရေထွက်ကျေးရွာအုပ်စု၊ကျီကုန်းကျေးရွာ၌ရှိပြီး နံနက် ၉ နာရီကျော်ခန့်က လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံခဲ့ရခြင်းဖြစ်ပြီး ပေါက်ကွဲမှုမရှိခဲ့ကြောင်း သိရသည်။

“လက်ပစ်ဗုံးနှစ်လုံးနဲ့ပစ်ပေါက်ခံရတာ ပေါက်ကွဲမှုမဖြစ်ခဲ့ပါဘူး လုံခြုံရေးအဖွဲ့တွေလာပြီး သက်မဲ့ပြုလုပ်ရှင်းလင်းနိုင်ခဲ့ပါတယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းအပြင် ယနေ့နံနက်ပိုင်းတွင် မြို့နယ်စည်ပင်ရုံးလက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံခဲ့ရပြီး မြို့နယ်အခွန်ရုံးတွင်လည်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးတွေ့ရှိခဲ့ရသည်ဟု မြို့နယ်နေသူများထံမှသိရသည်။

“စည်ပင်ရုံးကို လက်ပစ်ဗုံးနဲ့ပစ်ခံရတယ် မြို့နယ်အခွန်ရုံးမှာတွေ့တဲ့ဗုံးကလည်း မပေါက်ကွဲခဲ့ပါဘူး”ဟုမြို့နယ်နေသူတစ်ဦးကပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာများအား စစ်ဆေးကာပေါက်ကွဲခြင်းမရှိခဲ့သည့် လက်ပစ်ဗုံးများအား သက်မဲ့ပြုလုပ်၍ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

“မြို့နယ်အခွန်ရုံးက သုခမင်္ဂလာ(၁)ရပ်ကွက်မှာရှိတာ ပုသိမ်ကြီးစျေးနဲ့မျက်နှာချင်းဆိုင် မနက် ၁၀ နာရီလောက်မှာဖြစ်စဥ်ဖြစ်ခဲ့တာပါ ဒီနေ့မနက်ပိုင်းဖြစ်စဥ်တွေက မြို့နယ်မီးသတ်စခန်း၊မြို့နယ်အခွန်ရုံးနဲ့၊မြို့နယ်စည်ပင်ရုံးတွေပါ”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။l


LEAVE A REPLY

Please enter your comment!
Please enter your name here