မရမ်းကုန်းမြို့နယ်ရှိ Honey Nest Bar ပေါက်ကွဲမှုဖြစ်ပွား

0
486

မရမ်းကုန်းမြို့နယ်ရှိ Honey Nest Bar ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊သမိုင်းဘူတာရုံလမ်းရှိ Honey Nest Bar ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်နေသူအချို့ထံမှသိရသည်။

ယမန့်နေ့ ဧပြီ ၅ရက် ည ၇နာရီဝန်းကျင်အချိန်ခန့်တွင်အဆိုပါဘား၏ အပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိချိန်တွင် ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲသံက ရပ်ကွက်အထိတောင်ကြားရတယ်။ ထိခိုက်မှုရှိမရှိတော့မ ပြောတက်ဘူး။ အခုတော့ အဲ့ဒိဆိုင်ပိတ်ထားတာတွေ့ရတယ်”ဟု ယင်းမြို့နယ်အတွင်းနေထိုင်သူတစ်ဦးကဆိုသည်။

အဆိုပါပေါက်ကွဲမှုမဖြစ်ပွားခင် ပြီးခဲ့သည့်ရက်ပိုင်းသင်္ကြန် ပျော်ပွဲရွှင်ပွဲကျင်းပရန်ပြင်ဆင်နေသည်ကိုတွေ့ရကြောင်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here