(ဒလ)တံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ် တံတားရက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်တော့မည်

0
293

(ဒလ)တံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ် တံတားရက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်တော့မည်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ယူကြီးကြပ်၍ ကိုရီးယားသမ္မတနိုင်ငံ EDCF ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ် တံတားရက်မကြီးများ တပ်ဆင်ခြင်းလုပ်ငန်းအား မကြာမီ ဆောင်ရွက်တော့မည်ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဧပြီလ (၉)ရက် (စနေနေ့) နံနက် (၄:ဝဝ) နာရီမှ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၈)ရက် (တနင်္လာနေ့) နံနက် (၄:၀၀)နာရီထိ လုပ်ငန်းများအားဆောင်ရွက်မည်ဟု တံတားဦးစီးဌာနစီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့ ထံမှ သိရသည်။

ထိုသို့သော လုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်၍ ယင်းကာလအတွင်း ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်း (ဗိုလ်ချုပ် လမ်းနှင့် အနော်ရထာလမ်းကြား) အပိုင်းအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေးအတွက် ယာယီလမ်းပိတ်ထားမည်ဟုလည်းသိရသည်။

ယာယီလမ်းပိတ်ထားသည့် အဆိုပါကာလအတွင်း ပြည်လမ်းနှင့်ဘုန်းကြီးလမ်း(အောက်ဘလောက်)မှလာသော မော်တော်ယာဉ်များသည် ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းတို့မှလမ်းလွှဲမောင်းနှင်ကြရမည်ဟု တံတားဦးစီးဌာနစီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့ က ကြိုတင် အသိပေးကြေညာထားကြောင်းပါ သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here