ခရီးသွားများအပေါ် ယဥ်ကျေးပျူငှာစွာဆက်ဆံခြင်းသည် နိုင်ငံ၏ပြယုဒ်ဖြစ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီပြော

0
197

ခရီးသွားများအပေါ် ယဥ်ကျေးပျူငှာစွာဆက်ဆံခြင်းသည် နိုင်ငံ၏ပြယုဒ်ဖြစ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီပြော

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ဧပြီ ၆ ရက်တွင် နေပြည်တော်လေဆိပ်သို့သွားရောက်၍ လေ ဆိပ်၌တာဝန်ကျနေသည့် ၎င်း၏ဝန်ကြီးဌာနမှဝန် ထမ်းများနှင့်တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ် သည်။

နိုင်ငံအတွင်း၌ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်သွားလာနေသည့် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် နိုင်ငံခြားသားထိန်းသိမ်းရေးဆိုင် ရာစီမံခန့်ခွဲမှုစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံခြားသားများ၊မြန်မာနိုင်ငံသားများ နိုင်ငံအတွင်းသို့ ဧပြီ ၁၇ ရက်မှစတင်၍ ပြန် လည်ဝင်ရောက်ရာတွင် ခွင့်ပြုချက်အရ ဧပြီ ၁ ရက်မှစ၍ e-Visa စနစ်ဖြင့် Business Visa(လုပ် ငန်းဗီဇာ)အား စတင်လျှောက်ထားခွင့်ပြုခဲ့သည်ဟု ပြောသည်။

ထို့ကြောင့် ပြည်ပလေကြောင်းခရီးစဉ်များပြန် လည်ပြေးဆွဲခွင့်ပြုရာတွင် ဌာနမှလေဆိပ်တာဝန်ကျဝန်ထမ်းများအနေဖြင့် လိုအပ်သည်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် ပြည်ထောင် စုဝန်ကြီးဦးခင်ရီကပြောဆိုမှာကြားခဲ့သည်။

“လူဝင်မှုစစ်ဆေးရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့နဲ့ ခရီးသွားများအတွက် ထိရောက်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် အဖက်ဖက်ကဖြည့်ဆည်းဆောင်ရွက်ထားရမှာဖြစ်ပြီး ခရီး သွားတွေအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံမှုဟာ နိုင်ငံရဲ့ပြယုဒ်ဖြစ်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးဦးခင်ရီကမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီမှ နေပြည်တော်လေ ဆိပ်၌ တာဝန်ကျနေသည့်၎င်း၏ဝန်ကြီးဌာနဝန် ထမ်းများနှင့်တွေ့ဆုံစဥ် လူဝင်မှုကြီးကြပ်ရေးဦး စီးဌာန၊နေပြည်တော်လေဆိပ်တာဝန်ခံ၊လက် ထောက်ညွှန်ကြားရေးမှူးဦးအောင်ဇင်ဝင်းက ခရီး သည် ဝင်/ထွက်မှု၊လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်မှုနှင့်ကြိုတင်ပြင်ဆင်ထားရှိမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။

အလားတူ အမြဲတမ်းအတွင်းဝန်ဦးအောင်ကျော်စိုးမှလည်း ဝန်ထမ်းများကျန်းမာရေးဆိုင်ရာညွှန် ကြားချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး၊ကာ ကွယ်ဆေးအပြည့်အဝထိုးနှံရေး၊ပြည်တွင်းလေ ကြောင်းလိုင်းများဖြင့်သွားလာသည့် နိုင်ငံသားများအား နိုင်ငံသားကတ်(မှတ်ပုံတင်)စစ်ဆေးမည့်အစီအစဉ်၊ဝန်ထမ်းကျင့်ဝတ်နှင့်အညီနေထိုင် ၍ လုံခြုံမှုအဆင့်ရှိ စာရွက်စာတမ်းများစနစ်တ ကျ ထိန်းသိမ်းရေးကိစ္စများအား ရှင်းလင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here