တရုတ်နိုင်ငံ China Southern Power Grid Co., Ltd.(CSG)က မြန်မာနိုင်ငံအတွက် Ventilator ၆ စုံနှင့်နှာခေါင်းစည်းများလှူဒါန်း

0
283

တရုတ်နိုင်ငံ China Southern Power Grid Co., Ltd.(CSG)က မြန်မာနိုင်ငံအတွက် Ventilator ၆ စုံနှင့်နှာခေါင်းစည်းများလှူဒါန်

 

မြန်မာနိုင်ငံ၏ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ အသုံးပြုရန် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဧပြီ ၇ ရက်နံနက် ၁၀ နာရီက လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ် သည်။

တရုတ်နိုင်ငံ China Southern Power Grid Co., Ltd.(CSG)၏ Vice President ဖြစ်သူ Mr. Zhang Wenfeng ကမြန်မာနိုင်ငံအတွက် Ventilator ၆ စုံနှင့်နှာခေါင်းစည်းခုရေ ၅၀၀၀၀၀ ခုအားလွှဲ ပြောင်းပေးအပ်လှူဒါန်းရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဦးသော်တာအောင်မှ လက်ခံရယူခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံမှလှူဒါန်းသည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများအား ဧပြီနောက်ဆုံးပတ်အတွင်း ရေကြောင်းခရီးဖြင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် နေပြည် တော်သို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် Mr. Zhang Wenfeng က လှူဒါန်းရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပြီး ကောင်စစ်ဝန်ချုပ်ဦးသော်တာအောင် က ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည် ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here