ရခိုင်ပြည်နယ်တွင် WYစာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၁၅၀ သိန်းပြား ဖမ်းဆီးရမိ

0
160

ရခိုင်ပြည်နယ်တွင် WYစာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၁၅၀ သိန်းပြား ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့အဝင် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် WYစာတမ်းပါ စိတ်ကြွဆေးပြားအရေးအတွက် ၁၅၀ သိန်းပြား၊ ကာလတန်ဖိုး ၃၀ ဘီလီယံကျပ် ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ဧပြီ ၅ ရက် နေ့လည် ၂နာရီ ဝန်ကျင်အချိန့်တွင် ရန်ကုန်မှာ စစ်တွေဘက်သို့ အသက် ၄၅ နှစ်အရွယ် ယာဉ်မောင်း ဇော်မျိုးသန်း၊ ဘူးသီးတောင်မြို့နေထိုင်သူနှင့် ယာဉ်နောက်လိုက်ဖြစ်သူ အသက် ၅၃ နှစ်အရွယ် သိန်းသန်းမြင့်၊ မြောက်ဥက္ကလာပမြို့နယ်နေသူတို့ မောင်းနှင်လာသည့် ၆ ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် အဝတ်(ဘေထုပ်)များအတွင် ရောနှောသယ်ဆောင်လာသည့် စိတ်ကြွမူးယစ်ဆေးပြားများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် ဖမ်းဆီးရမိသူနှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မဖြင့် အမ်းမြို့နယ် မြို့မရဲစခန်းတွင် ကနဦး အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here