ရွှေဖီမြေသတင်းအေဂျင်စီ၏ ရုပ်သံသတင်း ထောက်ဟောင်းမလွေးအမ်ဖောင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

0
103

ရွှေဖီမြေသတင်းအေဂျင်စီ၏ ရုပ်သံသတင်း ထောက်ဟောင်းမလွေးအမ်ဖောင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ရှမ်းပြည်(မြောက်ပိုင်း)၊လားရှိုးမြို့အခြေစိုက် ရွှေ ဖီမြေသတင်းအေဂျင်စီ၏ ရုပ်သံသတင်းထောက်ဟောင်းမလွေးအမ်ဖောင်အား ဧပြီ ၇ ရက်(ယနေ့) တွင် ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခဲ့သည်ဟု ရှေ့ နေအသိုင်းအဝိုင်းမှသိရသည်။

မလွေးအမ်ဖောင်အား လားရှိုးအကျဥ်းထောင်၏ အကျဥ်းထောင်တွင်းအထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒစ် ၂ နှစ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းခံရပြီး ၆ လကျော် ၇ လလောက်အကြာမှာ အခုလိုအမိန့်ချမှတ်ခဲ့တာပါ သူ့ရဲ့ကျန်းမာရေးအခြေအနေကတော့ကောင်းမွန်ပါတယ် ချုပ်ရက်တွေထုတ်နှုတ်ခံစားခွင့်ပြုလား၊မပြုလားဆိုတာကိုတော့ကျွန်တော်မသိသေးပါဘူး”ဟုရှေ့နေတစ်ဦးကပြောသည်။

နစက ၏လုံခြုံရေးအဖွဲ့ဝင်များက မလွေးအမ်ဖောင်အား ၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၂၆ ရက်ညပိုင်းက လားရှိုးမြို့၊ရပ်ကွက်(၁)ရှိနေအိမ်မှလာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ထို့သို့ ဖမ်းဆီးပြီးနောက် လားရှိုးမြို့အမှတ်(၁)ရဲ စခန်း၌ထိန်းသိမ်းထားကာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)ဖြင့်တရားစွဲဆိုပြီးနောက် ယနေ့တွင်အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here