ထိုင်းနိုင်ငံ ကျောက်ခက်မြို့နယ်၌ကားမှောက်မှုတွင် ဖမ်းဆီး၊ဒဏ်ရာရခဲ့သည့် တရားမဝင်မြန်မာနိုင်ငံသားများအား မြန်မာအလုပ်သမား သံအရာရှိသွားရောက်တွေ့ဆုံ

0
182

ထိုင်းနိုင်ငံ ကျောက်ခက်မြို့နယ်၌ကားမှောက်မှုတွင် ဖမ်းဆီး၊ဒဏ်ရာရခဲ့သည့် တရားမဝင်မြန်မာ နိုင်ငံသားများအား မြန်မာအလုပ်သမားသံအရာရှိသွားရောက်တွေ့ဆုံ

ထိုင်းနိုင်ငံ၊မဲဆောက်မြို့ရှိ မြန်မာ အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံအရာရှိက ဧပြီ ၇ ရက်တွင် ဖိုးဖရခရိုင်၊ဖိုးဖရရဲစခန်း၏ ခရိုင်ရဲမှူး၊မြန်မာနိုင်ငံသားများအား ခေတ္တထားရှိရာနေရာများသို့သွားရောက်တွေ့ဆုံခဲ့သည်။

ဖိုးဖရရဲစခန်း၌ ခရိုင်ရဲမှူးဖြင့်​တွေ့ဆုံကာ အမှုအ​ခြေအ​​နေအား​မေးမြန်း၍ အမှုအမြန်ပြီးပြတ်​စေ​ရေးနှင့်အလုပ်သမားများအား​နေရပ်ပြန်နိုင်​ရေးတို့အား ​ဆောင်ရွက်​ပေးရန်​​ ဆွေး​နွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံသားများအား ခေတ္တထားရှိသည့် ​နေရာသို့သွား​ရောက်တွေ့ဆုံ၍ အား​ပေးစကား​ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများအားတင်ဆောင်လာသည့် Pickup ကားသည် တာ့ခ်ပြည်နယ်၊ဖိုးဖရခရိုင်၊ကျောက်ခတ်မြို့နယ်၊ယွတ်ဒွိုင်လမ်းမကြီးပေါ်၌ ဧပြီ ၅ ရက်နံနက် ၄ နာရီခန့်က အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

တိမ်းမှောက်မှုဖြစ်ပွားရခြင်းမှာ ယွတ်ဒွိုင်လမ်းမကြီး​ပေါ်၌ ယာဥ်စစ်​ဆေး​ရေးအဖွဲ့က အဆိုပါကားအား စစ်​ဆေးရန်တားဆီးစဥ် ရပ်တန့်မှုမရှိဘဲ ​မောင်းနှင်ထွက်​ပြေးခဲ့၍ အရှိန်လွန်တိမ်း​မှောက်ခဲ့ခြင်းဖြစ်သည်။

ကားမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊အမျိုးသမီး ၁၃ ဦး(စုစုပေါင်း ၁၈ ဦး)အနက် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၄ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ(မြောက်ပိုင်း)၌ ​နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်အခဲများရှိပါက အလုပ်သမားသံအရာရှိ(မဲ​​ဆောက်) ဖုန်း ၀၆၅၂၂၀၆၉၅၃ နှင့်အလုပ်သမားသံအရာရှိ(ချင်းမိုင်)ဖုန်း ၀၉၉၀၅၉၂၃၅၂ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here