ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံအနီး၌ အသံမိုင်းပေါက်ကွဲ

0
198

ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံအနီး၌ အသံမိုင်းပေါက်ကွဲ

ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံအနီး၌ ဧပြီ ၈ ရက်(ယနေ့)ညနေပိုင်းက အသံမိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပန်းခြံအနီးနေသူများထံမှ သိရသည်။

အဆိုပါ အသံမိုင်းသည် ညနေ ၄ နာရီခွဲခန့်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးဆုံးရှုံးမှုများမရှိခဲ့ကြောင်း သိရသည်။

“အသံကတော့ တော်တော်ကျယ်တယ် ပေါက်ကွဲတော့လူတွေလည်းလန့်ပြီးပြေးကြတယ် ဘာမှပျက်စီးတာမရှိပါဘူး ပေါက်ကွဲတဲ့အချိန်ဖြတ်သွားတဲ့လူလည်းမရှိတဲ့အတွက် ဒဏ်ရာရတဲ့လူလည်းမရှိပါဘူး”ဟုပန်းခြံအနီးနေသူတစ်ဦးကပြောသည်။

အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအားလုံခြုံရေးအဖွဲ့ဝင်များက လမ်းအားယာယီပိတ် ၍စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“တစ်ချို့က ပေါက်ကွဲမှုဖြစ်တော့ အခုဆောက်နေတဲ့မြို့ေတာ်ဝန်မဏ္ဍပ်မှာဖြစ်တာလို့ထင်နေကြတာ တကယ်တမ်းက မဏ္ဍပ်နားမှာမဟုတ်ပါဘူး ဗန္ဓုလပန်းခြံနားမှာပေါက်တာပါ”ဟုပန်းခြံအနီးနေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here