မုံရွာနည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား ကိုရဲရင့်မင်းဦး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

0
64

မုံရွာနည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား ကိုရဲရင့်မင်းဦး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

မုံရွာနည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ် Information Technology (IT)တွင် တက်ရောက်နေသည့် ကိုရဲရင့်မင်းဦးသည် ဧပြီ ၈ ရက်က နှစ်ရှည်ထောင်ဒဏ်အဖြစ် ၁၅ နှစ်အမိန့်ချမှတ်ခံခဲ့ရကြောင်း ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

ကိုရဲရင့်မင်းဦးအား အကြမ်းဖက်အဖွဲ့များနှင့်ဆက်စပ်ပတ်သတ်နေသဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် နေပြည်တော်အကျဥ်းထောင်တွင်း အထူးတရားရုံးမှ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရဲရင့်မင်းဦးအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊သြဂုတ် ၆ ရက်တွင် နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ဦးလေးနဲ့သူကတစ်ချိန်တည်းအဖမ်းခံရတာ သူ့ဦးလေးကတော့ပြန်လွတ်လာတယ် သူကတော့ ဖမ်းခံရပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့တရားစွဲခံခဲ့ရတယ် ၈ လလောက်ကြာပြီးတဲ့အချိန်မှာ အခုလိုနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ”ဟုရှေ့နေတစ်ဦးကပြောသည်။

ကိုရဲရင့်မင်းဦးသည် မြန်မာနိုင်ငံ၌နိုင်ငံရေးဖြစ်စဥ်များစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဆန္ဒပြလှုပ်ရှားမှုများ၌ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here