MasterCard/ VISA စသည့်ကတ်ဖြင့်အများဆုံးအသုံးပြုနိုင်သည့်ပမာဏအားပြောင်းလဲသတ်မှတ်

0
256

MasterCard/ VISA စသည့်ကတ်ဖြင့်အများဆုံးအသုံးပြုနိုင်သည့်ပမာဏအားပြောင်းလဲသတ်မှတ်

ပြည်တွင်းဘဏ်များအနေဖြင့် International Card များထုတ်ဝေရာတွင် တစ်လလျှင် ကတ်တစ်ကတ် အများဆုံးအသုံးပြုနိုင်သည့် ပမာဏအား(က) International Prepaid Card (MasterCard၊ VISA ၊ UPI Prepaid Card) များ အတွက် အမေရိကန်ဒေါ်လာ (၂,၅၀၀) ၊ (ခ) International Credit Card (MasterCard VISA ၊ JCB၊ UPI Credit Card) နှင့် International Co-brand Card (MPU-UPI MPU- JCB Card) များအတွက် ကျပ်(၂၅) သိန်းဟူ၍ ပြင်ဆင်သတ်မှတ်ပြီး ကတ်လုပ်ငန်းများကို ပုံမှန်အတိုင်းဆောင်ရွက်သွားရန် ညွှန်ကြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခင်က မြန်မာနိုင်ငံသားများအနေဖြင့် Retail ငွေပေးချေမှုများအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်စေရန်နှင့် ငွေကြေးသယ်ဆောင်ရသည့်အခက်အခဲများ လျော့နည်းသက်သာစေရန်၍ International Prepaid Card (MasterCard/ VISA/ UPI Prepaid Card) ထုတ်ဝေခွင့်ကို တစ်လလျှင် ကတ်တစ်ကတ် အများဆုံးအသုံးပြုနိုင်သည့်ပမာဏ၊ အမေရိကန်ဒေါ်လာ (၅,၀၀၀) သတ်မှတ်၍လည်းကောင်း၊ International Credit Card (MasterCard/ VISA/ UPI/JCB Credit Card) ထုတ်ဝေခွင့်ကို အသုံးပြုနိုင်သည့်ပမာဏသတ်မှတ်ခြင်းအား ကတ်အသုံးပြုမည့်သူ၏ ဝင်ငွေအပေါ်မူတည်၍ တစ်လလျှင် ကတ်တစ်ကတ် အများဆုံးအသုံးပြုနိုင်သည့် ပမာဏကျပ်သိန်း (၅၀) သတ်မှတ်၍ လည်းကောင်း ခွင့်ပြုထားခဲ့သည်။

ယခုအခါ ထိုခွင့်ပြုထားခဲ့မှုအားပြင်ဆင်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here