လောင်းလုံးမြို့နယ်တွင် USDP ပါတီဝင်တစ်ဦး နေအိမ်ရှေ့၌သေနတ်ဖြင့်ပစ်သတ်ခံရ

0
135

လောင်းလုံးမြို့နယ်တွင် USDP ပါတီဝင်တစ်ဦး နေအိမ်ရှေ့၌သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ဂေါ့အင်းကျေးရွာနေ USDP ပါတီဝင်တစ်ဦးဖြစ်သည့် ဦးအောင်စိန်(၆၀)နှစ်ခန့်သည် ဧပြီ ၈ ရက်ညနေပိုင်းက နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

USDP ပါတီဝင်ဦးအောင်စိန်သည် ညနေ ၄ နာရီကျော်ခန့်က နေအိမ်ရှေ့၌လမ်းလျှောက်နေစဥ် အ မည်မသိအမျိုးသား ၄ ဦးက သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးအောင်စိန်သည် မေးရိုးအောက်နှင့်ရင်ဘတ်တို့တွက် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေ ဆုံးသွားကြောင်း သိရသည်။

“သူအိမ်ရှေ့မှာလမ်းလျှောက်နေတုန်းပစ်ခံရတာ သိရသလောက်ဆိုရင် ပထမတစ်ချက်ပစ်ခံရတော့အိမ်ထဲကိုဝင်ပြေးတယ် ဒါပေမယ့် သူ့ကိုပစ်တဲ့လူတွေကထပ်ပစ်လို့ ထိပြီးလဲကျသွားတာ ပစ်ခံရတဲ့နေရာမှာပဲသေသွားပါတယ်လသေနတ်နဲ့ပစ်တဲ့လူတွေကတော့ထွက်ပြေးသွားကြတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။

အခင်းဖြစ်နေရာအနီးမှ ကျည်ခွံအချို့အား လုံခြုံ ရေးအဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here