ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်မည့် မှတ်တမ်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်လိုပါက လျှောက်ထားနိုင်

0
181

ကမ္ဘောဒီးယားနိုင်ငံ၌ပြုလုပ်မည့် မှတ်တမ်းအ လုပ်ရုံဆွေးနွေးပွဲတက်ရောက်လိုပါက လျှောက် ထားနိုင်

ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့၊ဘိုဖာနာစင်တာ၌ လုစ်ဖောင်ဒေးရှင်း၏ ထောက်ပံ့မှုဖြင့်ပြု လုပ်မည့် မှတ်တမ်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်လိုပါက လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား ဇွန် ၁၇ ရက်မှ ၁၉ ရက်အထိပြုလုပ်သွားမည်ဖြစ်ကာ ဂျူဒစ်ဟန်ချီနှင့်ဂျန်နာဂရန့်(ဝါရှင်တန်တက္ကသိုလ်)၊ ဆော့ပ်ဟိပ်ချီအာ(ဘိုဖာနာ ရုပ်မြင်သံကြားပိုင်းဆိုင်ရာအရင်းအမြစ်စင်တာ)၊ဆန်မီဒီဆောင်းနှင့် စီ‌‌ကေအက်စ်-လုစ်အက်စ်အီးအေဖဲလိုးသီအာရာ သွန်း(ခမာလေ့လာမှုပိုင်းဆိုင်ရာစင်တာ)တို့၏ ပူးပေါင်းစီစဥ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲပြုလုပ်ရခြင်းမှာ ကမ္ဘောဒီးယား၊အမေရိကန်၊ မြန်မာနှင့်ဖိလစ်ပိုင်နိုင်ငံတို့မှ အနုပညာရှင်များနှင့် ပညာရှင်များအား ဘိုဖာနာစင်တာမှဦးစီး၍ သုတေသနပြုလုပ်ခြင်းနှင့်အနုပညာပိုင်းဆိုင်ရာ လက်တွေ့အလေ့အကျင့်တို့ ပေါင်းစပ်ထားသည့် လှုပ်ရှားမှုဖြစ်သည့် “ရုပ်မြင်သံကြားပိုင်းဆိုင်ရာ ချိန်ညှိခြင်း”နှင့်ဆက်စပ်သည့် အနုပညာပိုင်းဆိုင် ရာနှင့်ပညာရှင်ပိုင်းဆိုင်ရာ လက်တွေ့လုပ်‌‌ဆောင်ခြင်းများအား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဝေမျှ‌‌‌‌‌‌‌‌‌‌‌ရန်ဖြစ်ကြောင်း သိရသည်။

အလားတူ ရုပ်ရှင်ကဲ့သို့သမိုင်းနှင့်သက်ဆိုင်သည့်ယဥ်ကျေးမှုနှင့်သက်ဆိုင်သော အသိပညာပေးပရောဂျက်များတွင် မှတ်တမ်းဆိုင်ရာပစ္စည်းများ အသုံးပြုပုံအား အဓိကထားဆွေး‌နွေးသွားမည် ဖြစ်သည်။

ထို့ကြောင့် ဆွေးနွေးပွဲတက်ရောက်ရန် ရန်ကုန်ရုပ်ရှင်ကျောင်းမှ သင်တန်းသား/သူများ၊ သင် တန်းသား/သူဟောင်းများ၊ရုပ်ရှင်ပိုင်းဆိုင်ရာ ပညာရှင်များ/သမိုင်းပညာရှင်များ/ ‌‌‌‌‌ဝေဖန်ရေးဆရာများလျှောက်ထားနိုင်ကာ တက်ရောက်မည့်သူတစ်ဦးတည်းကိုသာရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားလာကုန်ကျစရိတ်များအား အလုပ်ရုံဆွေး‌နွေးပွဲစီစဥ်သူများမှ ကျခံပေးသွားမည်ဖြစ်ကာ ရန်ကုန်- ဖနွမ်းပင်- ရန်ကုန် အသွားအပြန် လေယာဥ်လက်မှတ်၊ ဖနွမ်းပင်မြို့တွင် တည်းခိုရန်နေရာ၊ ခရီးသွားစဥ်အတွင်း နေ့စဥ်စရိတ်နှင့် ကွာရင်တင်းကုန်ကျစရိတ်များ(၀င်ခဲ့ရပါက)တို့ ပါ၀င်မည်ဖြစ်ကာ ဇွန် ၁၅ ရက်မှ ၂၀ ရက်အထိ ၆ ရက်ကြာသွားရောက်ရမည်ဖြစ်သည်။

ထို့ကြောင့် ဆွေးနွေးပွဲတက်ရောက်ရန်လျှောက် ထားသူများသည် applications @yangonfilmschool.org သို့ ဧပြီ ၁၇ ရက်မတိုင်မီ Application Form for Archive Workshop Cambodia ဟုလိပ်မူ၍ ဆွေးနွေးပွဲမှရရှိလာမည့် အသိပညာများအား မြန်မာနိုင်ငံ၌ အနာဂတ်လုပ်ဆောင်မည့်အလုပ်များတွင် မည်သို့ အသုံးပြုရန် ရည်ရွယ်ထားသည်အား စာပိုဒ်အတိုတစ်ခုရေး၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများသည် အင်္ဂလိပ်ဘာသာ စ ကားပြောဆိုနိုင်သူဖြစ်ရမည်ဖြစ်ကာ သက်တမ်းမကုန်သေးသည့် နိုင်ငံကူးလက်မှတ်(ခရီးသွားမည့်ရက်မှအနည်းဆုံးခြောက်လ)နှင့်ကိုဗစ်(၁၉)ရောဂါ ကကွယ်ဆေးထိုးပြီး‌‌ကြောင်းလက်မှတ်ရှိရမည်ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာပုံစံအား https://bit.ly/3x9Awax မှတစ်ဆင့် ဒေါင်းလုဒ်လုပ်ကာ ဧပြီ ၁၇ ရက်နောက်ဆုံးထား၍ [email protected] သို့ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here