ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အကြမ်း ဖက်အဖွဲ့အစည်းများအားထောက်ခံအားပေးပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူမည်

0
62

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အကြမ်း ဖက်အဖွဲ့အစည်းများအားထောက်ခံအားပေးပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူမည်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အကြမ်းဖက်အ ဖွဲ့အစည်းများနှင့်ပတ်သက်၍ ထောက်ခံအားပေးခြင်းများပြုလုပ်ပါက အရေးယူမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်အကျိုးစီး ပွားအား အနှောက်အယှက်ပေးနေသည့် အကြမ်း ဖက်အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ထောက် ခံပံ့ပိုးရန် ရန်ပုံငွေပွဲများပြုလုပ်ခြင်း၊တစ်ဦးတစ်ယောက်ခြင်းဖြစ်စေ၊အသင်းအဖွဲ့နှင့်ဖြစ်စေ အ တင်းအဓမ္မငွေကြေးကောက်ခံနေမှုများအား ပြု လုပ်ခြင်းမလုပ်ရန် မြန်မာသံရုံးကထုတ်ပြန်အသိ ပေးခဲ့သည်။

“ကျွန်တော်တို့က‌တော့ သံရုံးထုတ်ပြန်ချက်ကိုဆက်ပြီးအသိပေးသွားမယ် အတင်းအကြပ်တော့ပြောလို့မရဘူးပေါ့ လိုက်နာခြင်းရှိ၊မရှိဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်နဲ့ဆိုင်တဲ့အတွက် ကျွန်တော်တို့ကအသိပေးတာလောက်ပဲလုပ်လို့ရမှာပါ တစ်ခုပြောချင်တာကတော့ နိုင်ငံရပ်ခြားမှာမိသားစုနဲ့ခွဲပြီး မိသားစုအတွက်ရှာဖွေနေတဲ့အချိန်မှာ မြန်မာနိုင်ငံသားတစ်ယောက်ချင်းစီတိုင်းကို အခက်အခဲတွေမဖြစ်စေချင်ဘူး လုပ်ငန်းတိုင်းမှာအဆင်ပြေပြီး မိသားစုကိုစိတ်အေးလက်အေးထောက်ပံ့ပေးနိုင်နေကြတာတွေကိုပဲမြင်ချင်တာပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အသိပေးထုတ်ပြန်ချက်အရ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံအားပေးသည့် မြန်မာနိုင်ငံသားများအား“အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (၂၃/၂၀၁၄)အခန်း(၁၂)ပါ အကြမ်းဖက်မှု ငွေ ကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နင်းခြင်း”အရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“သိရသလောက်ဆိုရင် ထိုင်းကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအများကြီးရှိနေတဲ့အတွက် မပါဝင်ပါနဲ့လို့တော့ပြောလို့မရဘူးပေါ့ မြန်မာအလုပ်သမားတွေကိုကူညီပေးနေတဲ့အဖွဲ့အစည်းတွေကလူတွေအနေနဲ့လည်း အသိပေးတာတွေတော့ရှိတယ် အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး”ဟုထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၌ ဝင်ရောက်အလုပ်လုပ်နေသည့် ကိုတင်ထွန်းဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here