ဗဟိုဘဏ်၏ နိုင်ငံခြားငွေထိန်းကျောင်းမှုပုံစံသစ်ထဲ နိုင်ငံခြားသားများမပါဝင်ဟုဆို

0
193

ဗဟိုဘဏ်၏ နိုင်ငံခြားငွေထိန်းကျောင်းမှုပုံစံသစ်ထဲ နိုင်ငံခြားသားများမပါဝင်ဟုဆို

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) အား လိုက်နာဆောင်ရွက် ရမည့်သူများမှာ ပြည်တွင်း၌ နေထိုင်သူများဖြစ်ကြောင်း နစကပြန်ကြားရေးက ပြောကြားသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (င) (၁) တွင် “ နိုင်ငံခြားတိုင်းပြည်များမှ သံရုံးဝန်ထမ်းများနှင့် အလားတူတာဝန်ထမ်းဆောင် နေသော နိုင်ငံခြားသားဝန်ထမ်းများမှအပ လွန်ခဲ့သည့် ၁၂ လတာကာလအတွင်း နိုင်ငံတော်တွင် အနည်းဆုံးရက်ပေါင်း ၁၈၃ ရက် နေထိုင်ခဲ့သူများ သို့မဟုတ် ယင်းသို့နေထိုင်ခြင်းမရှိသော်လည်း မိမိ၏အဓိကလုပ်ငန်းဌာနရှိသူများ” ဟု ဖော်ပြထားမှုအားကိုးကားပြီး ပြောကြားခြင်းဖြစ်သည်။

ယင်းအပြင် ပြည်တွင်း၌ နေထိုင်သူများတွင် နိုင်ငံခြား တိုင်းပြည်များမှ သံရုံးဝန်ထမ်းများနှင့် အလားတူ တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသား ဝန်ထမ်းများ (ကုလသမဂ္ဂ၊ IMF၊World Bank၊ ADB၊ ASEAN၊ဥရောပကော်မရှင်၊JICA စသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ နိုင်ငံခြားသားဝန်ထမ်းများ ပါဝင်ခြင်းမရှိပါကြောင်း လည်း နစကပြန်ကြားရေးက အသိပေး ဖြေကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here