တစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန် ထုတ်လုပ်နိုင်မည့် လက်ဖက် အချိုခြောက်နှင့် သစ်သီး အ ခြောက်ခံစက်ရုံ(နောင်တရား) ဖွင့်လှစ်

0
366

တစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန် ထုတ်လုပ်နိုင်မည့် လက်ဖက် အချိုခြောက်နှင့် သစ်သီး အ ခြောက်ခံစက်ရုံ(နောင်တရား) ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နောင်တရားမြို့တွင် တစ်နှစ်လျှင် လက်ဘက်အချိုခြောက် ၅၃၈တန် ထုတ်လုပ်နိုင်မည့် လက်ဖက် အချိုခြောက်နှင့် သစ်သီး အ ခြောက်ခံစက်ရုံ(နောင်တရား)ကို ဧပြီလ၈ရက်နေ့ကစတင် ဖွင့်လှစ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်မှာရှိသည့် နောင်တရားမြို့အတွင်း ယခုကဲ့သို့ လက်ဖက်ခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ
ကြီး တည်ဆောက်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း (နောင်တရား) ဒေသ၊ ပင်လောင်း ဒေသနှင့် အနီးဝန်းကျင်ဒေသများတွင် ထွက်ရှိသည့် သစ်သီးများကို အခြောက်ခံပြီး အသီးအခြောက်ပြုလုပ်ကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်အတွင်း အဆင့်မြင့်ထုတ်ကုန် အဖြစ် ထုတ်လုပ်ရောင်းချပြီး ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပြီး ဝင်ငွေတိုးပွား စေရန်ဖြစ် ကြောင်း၊ ပင်လောင်း- နောင်တရားဒေသများသည် ပတ်ဝန်းကျင်ရှိ ရွာငံ၊ ပင်းတယမြို့များထက် စိုက်ဧကများသော်လည်း အကျိုးမြတ်ရရှိမှုနည်းသဖြင့် လက်ဖက်ခြံလုပ်ငန်းများနှင့် အသီးခြံလုပ်ငန်းများ စွန့်ခွာမည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိရာ စက်ရုံမှဝယ်ယူမည့် လက်ဖက်နှင့်သစ်သီးကုန်ကြမ်း ဝင်ငွေပုံမှန် ရရှိလာမည်ဖြစ်၍ လက်ဖက်နှင့် သစ်သီးခြံလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံသည် တစ်ရက် ၈ နာရီတစ်ဆိုင်းဖြင့် ထုတ်လုပ်ပါက လက်ဖက်ကုန်ချော လက်ဖက် အချိုခြောက် ၁၁၃၆ ကီလိုဂရမ် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် စက်လည်ရက် ၂၂၄ ရက် ဖြင့် လက်ဖက်ကုန်ချော လက်ဖက်အချိုခြောက် ၄၈၈၀၀၀ ကီလိုဂရမ်(၅၃၈ တန်)ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ယခုစက်ရုံ၏ တပ်ဆင်ထားသည့်စနစ်မှာ CTC (Crush-Tear- Curl) စနစ်ဖြစ်ပြီး လက်ဖက်အချိုခြောက်၏ အရည်အသွေးကို မြင့်မားစွာ ထုတ်လုပ်နိုင်သည့်အပြင် အလေအလွင့်နည်းပါးစွာဖြင့် ထုတ်လုပ်နိုင်ကြောင်း၊ တစ်ရက်လျှင် ၈ နာရီ ကုန်ကြမ်း ၅ တန် ကြိတ်ဝါးပါက ကုန်ချော ၁ ဒသမ ၁ တန် ထွက်ရှိမည့် CTC အချိုခြောက်စက်များ တပ်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

နောင်တရား ပတ်ဝန်းကျင် ကျေးရွာအုပ်စု ၈ စုတွင် လက်ရှိလက်ဖက်စိုက်ဧက စုစုပေါင်း ၄၅၂၆ ဧကခန့်နှင့် တစ်ဧကပျမ်းမျှ လက်ဖက် ရွက်စိမ်း ၆၀၀ ပိဿာခန့် ထွက်ရှိပြီး တစ်နှစ် စုစုပေါင်း လက်ဖက်ရွက်စိမ်း ၂ ဒသမ ၇ သန်းပိဿာခန့်ထွက်ရှိကြောင်းနှင့် ပင်လောင်းမြို့နယ် အတွင်းတွင် လက်ဖက်စိုက်ဧက ၁၅၅၄၃ ဧကမှ တစ်နှစ်လက်ဖက်ရွက်စိမ်း ၆၆၁၀၂၀၀ ပိဿာခန့် ထွက်ရှိသည့်အတွက် ဒေသတစ်ခုလုံးတွင် လက်ဖက်ရွက်စိမ်းထွက်ရှိမှုအနေဖြင့် ၉၃၂၅၈၀၀ ပိဿာ (၁၅၂၂၈)တန် ထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here