တန့်ဆည်မြို့ရှိ တပင်ရွှေထီးလမ်းဆုံတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူများရှိ

0
184

တန့်ဆည်မြို့ရှိ တပင်ရွှေထီးလမ်းဆုံတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူများရှိ

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့၊မေတ္တာမြိုင်ရပ်ကွက်ရှိ တပင်ရွှေထီးလမ်းဆုံ၌ ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးထိုးနှံပေးသည့်နေရာတွင် ဧပြီ ၉ ရက် (ယနေ့)နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

တပင်ရွှေထီးလမ်းဆုံ၌ ကျန်းမာရေးဝန်ထမ်းများက မြို့အတွင်းသို့ဝင်လာသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးမထိုးရသေးသူများအား ကာကွယ် ဆေးထိုးပေးနေစဥ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မိုင်းပေါက်တော့ ကာကွယ်ဆေးလာထိုးတဲ့လူတွေကော ကျန်းမာရေးဝန်ထမ်းတွေကောဒဏ်ရာရသွားကြတာတွေ့တယ် လူနာတင်ကားတွေနဲ့လာခေါ်သွကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးမှုများမရှိခဲ့ဘဲ မိုင်းစထိမှန်ဒဏ်ရာရရှိသူများအား တန့်ဆည်မြို့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုအား လုံခြုံရေးအဖွဲ့ဝင်များက စစ် ဆေးမှုများပြုလုပ်ကာ တန့်ဆည်မြို့တွင်း၌လည်း လှည့်လည်စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here