သင်္ကြန်ရုံးပိတ်ရက်အတွင်း ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် ချယ်ရီသင်္ဘောအချိန်ပြောင်းလဲပြေးဆွဲမည်

0
162

သင်္ကြန်ရုံးပိတ်ရက်အတွင်း ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် ချယ်ရီသင်္ဘောအချိန်ပြောင်းလဲပြေးဆွဲမည်

သင်္ကြန်ရုံးပိတ်ရက်အတွင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)ကြီးကြပ်မှုအောက်ရှိ ပန်းဆိုးတန်း-ဒလ သို့ပြေးဆွဲပေးနေသည့် ချယ်ရီသင်္ဘောများအား အချိန်ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရုံးပိတ်ရက်ကာလဖြစ်၍ သင်္ဘောခေါက်ရကိုလည်း ပြည်သူများစိတ်အေးချမ်းသာစွာနှင့်သွားရေးလာရေးအဆင်ပြေချောမွေ့လွယ်ကူစေရန် ရည်ရွယ်၍ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။

သင်္ကြန်ရုံးပိတ်ရက်အတွင်း ခရီးသွားများနှင့်ကုန် ပစ္စည်းများတင်ပို့မှုလျော့နည်းသဖြင့် ချယ်ရီသင်္ဘောများအား အသွား ၂၀ ခေါက်၊ အပြန် ၂၀ ခေါက်နှုန်းဖြင့် ဒလဆိပ်ကမ်းမှ နံနက် ၆ နာရီမှည ၇ နာရီအထိ ရန်ကုန် ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီခွဲမှည ၇ နာရီခွဲအထိ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်သည်။

“သင်္ကြန်တွင်းမှာ ချယ်ရီသင်္ဘောတွေနေ့စဥ်ဘယ်နှစ်ခေါက်ပြေးဆွဲပေးမယ်ဆိုတာကို ဆိပ်ကမ်းကလက်မှတ်ရုံဝင်ပေါက်မှာ ဗီနိုင်းနဲ့ကပ်ထားတာကိုတွေ့တယ် ကောင်းပါတယ် သင်္ကြန်တွင်းပိတ်တယ်ဆိုပေမယ့်လည်း သွားစရာဆိုတာကလည်းပေါ်လာမှာပဲလေ အဲ့လိုပေါ်လာတဲ့အခါ သင်္ဘောတွေရှိနေတော့ တော်သေးတာပေါ့”ဟုဒလမြို့နေ ကိုထက်စိုးဦးကပြောသည်၊

ချယ်ရီသင်္ဘောများ၏ ခေါက်ရေနှင့်အချိန်ပြောင်း လဲပြေးဆွဲပေးခြင်းအား သင်္ကြန်ရုံးပိတ်ရင်ပြီးဆုံးပါက ယခင်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ပန်းဆိုးတန်း-ဒလ ပြေးဆွဲပေးသည့် ချယ်ရီသင်္ဘောများအား ဒလဆိပ်ကမ်းမှစတင်ထွက်ခွာချိန် နေ့စဥ်နံနက် ၅ နာရီခွဲမှည ၇ နာရီခွဲအထိ ရန်ကုန် ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီမှည ၈ နာရီအထိ အသွား ၄၂ ခေါက်၊အပြန် ၄၂ ခေါက်နှုန်းဖြင့် ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။

Photo-Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here