ယနေ့ညမှစ၍ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခု၌ လေပြင်းတိုက်ခတ်ကာမိုးကြီးပြီး မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်

0
171

ယနေ့ညမှစ၍ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခု၌ လေပြင်းတိုက်ခတ်ကာမိုးကြီးပြီး မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည် နယ် ၄ ခု၌ ဧပြီ ၉ ရက်(ယနေ့)ည ၁၁ နာရီနောက်ပိုင်းမှစ၍ လေပြင်းတိုက် ခတ်ခြင်း၊မိုးကြီးခြင်းနှင့်မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန် မွန်၊ကရင်၊တနင်္သာရီမိုးလေဝသအထူးစောင့်ကြည့်ထုတ်ပြန်ရေးမှထုတ် ပြန်ကြေညာခဲ့သည်။

ထိုသို့ ဖြစ်ပေါ်လာနိုင်ခြင်းမှာ မုတ္တမကွေ့တွင် မိုး ကြိုးမုန်တိုင်းပေါင်းစပ်မှု (Thunderstorms Composite)ဖြစ်ပေါ်မည်ဖြစ်၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း မွန်၊ကရင်၊တနင်္သာရီမိုးလေဝသအထူးစောင့်ကြည့်ထုတ်ပြန်ရေး၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ရန်ကုန်တိုင်းရှိ တောင်ပိုင်းခရိုင်နှင့်အရှေ့ပိုင်းခရိုင်၊တနင်္သာရီတိုင်းရှိ မြိတ်ခရိုင်နှင့်ထားဝယ်ခရိုင်တို့တွင် လေပြင်းတိုင်ခြင်း၊မိုးကြီးခြင်းနှင့်မိုး ကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်ရှိ ကျိုက်ထို၊တောင်စွန်း၊ဘီးလင်း၊သထုံ၊ကျိုက်ကော်၊ပေါင်၊မော်လမြိုင်၊ချောင်းဆုံ၊မုဒုံ၊ကျိုက်မရော၊ကျိုက်ခမီနှင့်သံဖြူဇရပ်၊ကရင်ပြည်နယ်ရှိ ဘားအံ၊ကျုံဒိုး၊ကြာအင်းဆိပ်ကြီးနှင့်လှိုင်းဘွဲ့တို့တွင်လည်း လေပြင်းတိုက်ခြင်း၊မိုးကြီးခြင်းနှင့်မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မွန်၊ကရင်၊တနင်္သာရီမိုးလေဝသအထူးစောင့်ကြည့်ထုတ်ပြန်ရေးမှ ထုတ်ပြန်အသိပေးခဲ့သည်။

မိုးနှင့်အတူ မိုးတိမ်စုဖွဲ့မှုမှဖြစ်ပေါ်လာသော ဖိအားမြင့်လေစီးများ မြေပြင်သို့စိုက်ဆင်းခြင်းကြောင့် အလွန်ပြင်းထန်သော လေပြင်းတိုက်ခတ်များနှင့် မိုးကြီးခြင်း၊မိုးကြိုးပစ်ခြင်း အန္တရာယ်များ ကျရောက်နိုင်ခြင်းဖြစ်၍ ဂရုပြုနေထိုင်ကြရန် မွန်၊ကရင်၊တနင်္သာရီမိုးလေဝသအ ထူးစောင့်ကြည့်ထုတ်ပြန်ရေးမှထုတ်ပြန်အသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here