အများပြည်သူသုံး ထမင်းဟင်းချက်ဂက်စ် သယ်ယူရသည့်လမ်းကြောင်း အလွန်ခက်ခဲလာပြီဟု သြရကုမ္ပဏီ ထုတ်ပြန်

0
121

အများပြည်သူသုံး ထမင်းဟင်းချက်ဂက်စ် သယ်ယူရသည့်လမ်းကြောင်း အလွန်ခက်ခဲလာပြီဟု သြရကုမ္ပဏီ ထုတ်ပြန်

ထီးခီး- ထားဝယ်- မေတ္တာလမ်းပိုင်း၌ ဧပြီ ၁ ရက် နေ့လည်ပိုင်းအချိန်တွင် သြရကုမ္ပဏီပိုင် ရေနံဓာတ်ငွေ့ ရည်(LPGas)တင်ဆောင်လာ ယာဉ်နှစ်စီး မီးရှို့ဖျက်ဆီးခံရသည့်အတွက် အများပြည်သူသုံး ထမင်းဟင်းချက်ဂက်စ် သယ်ယူရသည့် လမ်းကြောင်း အလွန်ခက်ခဲလာပြီ ဖြစ်သည်ဟု သြရကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်သည်။

ယင်း ထုတ်ပြန်ချက်ကို ယမန်နေ့ ဧပြီ ၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ထုတ်ပြန်ချက်တွင် နောက်ဆုံးတော့ ဒုက္ခပေါ် ဒုက္ခဖြစ် အခက်အခဲ ဖြစ်ကြရတာ တို့ပြည်သူများပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ ကျူးလွန်လိုက်တဲ့သူကတော့ ဘယ်လိုစိတ်နဲ့လုပ်လိုက်တယ်မသိပေမဲ့ တခြားတဘက်မှာတော့ ပစ္စည်းကိရိယာမစုံမလင်နဲ့ လုံခြုံမှုမရှိတဲ့နေရာမှာ မဖြစ်ဖြစ်အောင်ဆယ်ယူရတာ အရမ်းကိုခက်ခဲပင်ပန်းလွန်းလှပါတယ်။ ထမင်းဟင်းချက်တဲ့ဂက်စ် သယ်ယူရတဲ့လမ်းကြောင်းလည်း အရမ်းခက်ခဲလာပြီဆိုတာ ပြောပြစရာမလိုတော့ပါဘူး။ နောက်ဆုံးမှာတော့ ဒုက္ခပေါ်ဒုက္ခဆင့် အခက်အခဲဖြစ်ကြရတာတို့ပြည်သူတွေပါဘဲ တို့အားလုံးရဲ့ အတိတ်ကအကုသိုလ်အကျိုးဆက်တွေများ ဖြစ်နေမလား ပြုသူကအသစ် ဖြစ်သူကအဟောင်း ပါဘဲလေ။အကုသိုလ်ကံကြွေး ဆပ်တာလို့ သဘောထားပါတယ်”ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါထမင်းဟင်းချက်သည့် ဂက်စ်များကို ကစယ်ဒေါ့ထူးကုမ္မဏီမှတင်သွင်း၍ တနင်္သာရီနှင့် မွန်ပြည်နယ်အတွင်းရှိ အများပြည်သူများ ထမင်းဟင်းချက်ရာတွင် အသုံးပြုရန် တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ယာဉ်ပေါ်ပါသူ ဝန်ထမ်းအချို့ခုန်ချထွက်ပြေးခဲ့သည့်အတွက် အသက်အန္တရာယ်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ သြရကုမ္ပဏီအနေဖြင့် ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ညပိုင်းတွင် မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်တစ်စီး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here