မကွေးမြို့တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စုစုပေါင်းမဏ္ဍပ်(၇)ခုဖြင့်ကျင်းပမည်

0
251

မကွေးမြို့တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စုစုပေါင်းမဏ္ဍပ်(၇)ခုဖြင့်ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲအား ဧပြီ ၁၃ ရက်နေ့မှ စတင်ကာ ဧပြီ ၁၆ ရက်နေ့အထိ ယိမ်းအကအလှများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ရေကစား လာပြည်သူများအား စတုဒီတာမုန့်ကျွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟုသိရသည်။

မကွေးမြို့ ကမ်းနားလမ်း ရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၆)ခု စုစုပေါင်းမဏ္ဍပ်(၇)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေး မဏ္ဍပ်များ၌ ယိမ်းအက အလှအဖွဲ့(၂၂)ဖွဲ့ က ယှဉ်ပြိုင်ကပြဖျော်ဖြေမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့ လာရောက်ကြည့်ရှုအား ပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ် မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒီသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးကာ မကွေးတိုင်း ဒေသကြီး ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွတ်ခြင်း၊ သက်ကြီးဘိုးဘွားများကို ကန်တော့ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း အစီအစဉ်များကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here