ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့နံ နက်ပိုင်းအတွင်း ကားမှောက်မှုနှစ်ကြိမ်ဖြစ်ပွားပြီး တစ်ဦးသေဆုံး

0
146

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့နံ နက်ပိုင်းအတွင်း ကားမှောက်မှုနှစ်ကြိမ်ဖြစ်ပွားပြီး တစ်ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဧပြီ ၁၀ ရက်(ယနေ့)နံနက်ပိုင်းအတွင်း ကားမှောက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။

ဖြစ်စဥ်များမှာ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က အမြန်လမ်းမကြီး၏ ဘောနက်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်ရှိ မိုင်တိုင်အမှတ်-၂၇/၄ နှင့် ၂၇/၅ ကြားတွင် အမျိုးသား ၂ ဦးမောင်းနှင်လိုက်ပါလာသည့် ကိုယ်ပိုင်ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းမှောက်ခဲ့သည်။

ဖြစ်စဥ်၌ ကားပေါ်ပါ အမျိုးသားတစ်ဦးမှာ အခင်း ဖြစ်နေရာ၌သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ဆေးကုသရန်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီခွဲခန့်တွင်လည်း ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်ရှိ အမြန်လမ်း မကြီး၏ မိုင်တိုင်အမှတ်-၁၈၇/၆ နှင့် ၁၈၇/၇ ကြားတွင် အမျိုးသား၊အမျိုးသမီး ၈ ဦးလိုက်ပါလာသည့် ကိုယ်ပိုင်ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့သည်။

ဖြစ်စဥ်အား ပလွေးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ကူညီခဲ့ကြပြီး ထိ ခိုက်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးနှင့်အမျိုး သမီး ၄ ဦးတို့အား နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များ၌ ကားမောင်းသူများအား သက်ဆိုင် ရာအမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းများမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here