ဗဟိုဘဏ်မှ ချမှတ်လိုက်သည့် နိုင်ငံခြားငွေထိန်းချုပ်သည့်မူဝါဒနှင့်ပတ်သတ်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ စိုးရိမ်မကင်းဖြစ်နေ

0
177

ဗဟိုဘဏ်မှ ချမှတ်လိုက်သည့် နိုင်ငံခြားငွေထိန်းချုပ်သည့်မူဝါဒနှင့်ပတ်သတ်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ စိုးရိမ်မကင်းဖြစ်နေ


မြန်မာနိုင်ငံအတွင်း က ပြည်တွင်းနေသူများအနေနဲ့ နိုင်ငံခြားငွေနဲ့ ရတဲ့ဝင်ငွေကို မြန်မာငွေကျပ်နဲ့အလုပ်လုပ်ရက် (၁) ရက် အတွင်းမှာပဲ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ဖောက်ကားခွင့်လိုင်စင်ရ ဘဏ်တွေမှာ လဲလှယ်ရောင်းချရမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂နဲ့ ထုတ်ပြန်ပြီး စည်းကမ်းချက်အသစ်ချမှတ်လိုက်တာနဲ့ပတ်သတ်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေစိုးရိမ်မကင်းဖြစ်နေကြတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အထက်ပါစည်းကမ်းချက်အသစ်တွေအပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး နောက်ထပ်စည်းကမ်းချက်တစ်ခုဖြစ်တဲ့ နိုင်ငံခြားသုံးငွေတွေကို ပြည်ပသို့ လွှဲပြောင်းမယ်ဆိုရင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့မှ(AD) လိုင်စင်ရဘဏ်တွေကနေ တစ်ဆင့်ဆောင်ရွက်ရမယ့်အပေါ်ကိုလည်း ဝေဖန်မှတ်ချက်ပြုမှုတွေလည်းရှိနေကြတာတွေ့ရပါတယ်။

“ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာထဲမှာ ဘာပါလည်းဆိုရင် ထုတ်ပြန်သည့်နေ့မတိုင်မီမြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ပြီးသောနိုင်ငံခြားငွေစာရင်းအသီးသီးရှိ နိုင်ငံခြားငွေများကိုလည်း အထက်ပါအတိုင်း ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ပါလာတယ်။ဒီတော့ ဒီကိစ္စဟာ မှတ်ချက်ပြုစရာတွေများလာတယ်”လို့ စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ဗဟိုဘဏ်ရဲ့ ဆောင်ရွက်ချက်အသစ်အပေါ် ကိုထို့ကြောင့် စင်ကာပူနှင့် ဂျပန်နိုင်ငံရှိ ပြည်တွင်းလာရောက်ရင်းနှီးမြှပ်နှံသူ လုပ်ငန်းရှင်များကလည်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ၎င်းတို့အပေါ်ဖြေလျှော့ပေးရန်ထုတ်ပြန်ချက်များ ထုတ်ပြန်တောင်းဆိုခဲ့ ကြသည်။ ထိုမျှမက အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့ ၁၂ ဖွဲ့ ကလည်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

၎င်းတို့၏ ထုတ်ပြန်ချက်များအတွင်း မြန်မာအစိုးရ၏ နိုင်ငံခြားငွေကြေး စီမံခန့်ခွဲမှုအလွဲများကြောင့် နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားအားလုံး၏ လူနေမှုအဆင့်အတန်းများ နိမ့်ကျသွားစေသလို ပြည်တွင်းမှလာရောက် အခြေချ လုပ်ကိုင်နေသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းလည်ပတ်မှု ရပ်တန့်ခြင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း ပါရှိသည်။

နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗဟိုဘဏ်ရဲ့ အခုဆောင်ရွက်ချက်ဟာ အကြမ်းဖက်မှုတွေမဆောင်ရွက်နိုင်အောင် တားဆီးကာကွယ်တာလို့ ဖြေကြားထားတာရှိပါတယ်။

နစက ပြန်ကြားရေးဝန်ကြီးဌာနကတော့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေထိန်းကျောင်းမှုပုံစံသစ်ထဲ နိုင်ငံခြားသားများမပါဝင်ဘူးလို့ဖြေကြားထားတာရှိပါတယ်။

ဒါ့အပြင်ပြည်တွင်း၌ နေထိုင်သူများထဲ နိုင်ငံခြား တိုင်းပြည်များမှ သံရုံးဝန်ထမ်းများနဲ့ အလားတူ တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသား ဝန်ထမ်းများ (ကုလသမဂ္ဂ၊ IMF၊World Bank၊ ADB၊ ASEAN၊ဥရောပကော်မရှင်၊JICA )စတဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက နိုင်ငံခြားသားဝန်ထမ်းများ ပါဝင်ခြင်းမရှိပါကြောင်း လည်း နစကပြန်ကြားရေးက အသိပေး ဖြေကြားထားပါတယ်။

ဒါပေမယ့် ဗဟိုဘဏ်ရဲ့ ကြေညာချက်အပြီးနောက်ဆက်တွဲထွက်ပေါ်လာတဲ့ CBM က နိုင်ငံခြားငွေတွေကို တစ်ဒေါ်လာလျှင်(၁၈၅၀ )ကျပ်သတ်မှတ်ပြီး ဘဏ်တွေကိုသာရောင်းရမယ်ဆိုတဲ့အချက်၊နောက်ပြီးကုန်သွယ်ရေးဦးစီးဌာနရဲ့ နိုင်ငံခြားငွေ ဝယ်ယူခွင့်ကိစ္စနဲ့ပတ်သတ်ပြီး BOD အဖွဲ့ဝင်တစ်ဦး ကိုယ်တိုင်လာရောက်ရမယ့်အချက်အပါအဝင် အခြားသောအချက်အလက်တွေကိုလည်း ဒေါက်တာစိုးထွန်းကဲ့သို့သော နာမည်ကြီးစီးပွါးရေးလုပ်ငန်းရှင်အချို့ကထောက်ပြမှုတွေရှိနေပါတယ်။

လုပ်ငန်းရှင်တစ်ဦးက”ပိုလွယ်အောင် ပိုအဆင်ပြေအောင်လုပ်ပေးရမှာပေါ့နော်။အခုက ပိုကြာသွားနိုင်မလား သုံးသပ်ကြရမှာပေါ့”လို့ပြောပါတယ်။

ဒေါက်တာစိုးထွန်း က CBM က နိုင်ငံခြားငွေတွေကို တစ်ဒေါ်လာ(၁၈၅၀ )ကျပ်သတ်မှတ်ပြီး ဘဏ်တွေကိုသာရောင်းရမယ့် ထုတ်ပြန်ချက်ကြောင့် exporterတွေအနေနဲ့ မူလတွက်ချက်ထားတဲ့ ၁ဒေါ်လာ(၂၀၅၀) ကျပ်နှုန်းမှ (၁၈၅၀ကျပ်) သို့လျော့ချရောင်းချရမှာဖြစ်တဲ့အတွက်ကြောင့်(၁၀.၈%) ဆုံးရှုံးသွားမှာဖြစ်ပြီး ။ ဥပမာအားဖြင့်အမေရိကန်ဒေါ်လာ၁သန်း ရောင်းချမယ်ဆိုရင်ကျပ်သိန်း၂၀၀၀ခန့် ဆုံးရှုံးမယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် importerတွေအနေနဲ့ကတော့ အရေးကြီးကုန်ပစ္စည်းအလိုက် ဘဏ်တွေက ၁ဒေါ်လာကို ကျပ်(၁၈၅၀+)နဲ့ ဝယ်ယူနိုင်မှာဖြစ်လို့ ဒေါ်လာနဲ့ ဝယ်ယူတင်သွင်းရတဲ့စက်သုံးဆီ၊စားသုံးဆီ၊ဆေးဝါး ၊ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ၊လူသုံးကုန်ပစ္စည်းတွေကတော့ နိင်ငံခြားငွေအလုံအလောက်သာရောင်းချပေးနိုင်မှုအပေါ်မူတည်ပြီး မကြာမှီအချိန်အတွင်း၁၀%ခန့် ဈေးနူန်းကျလာနိုင်တဲ့အကြောင်းနဲ့ import permit ပိတ်ထားတဲ့ကားက တော့ ဈေးမကျနိုင်ဘူးလို့ ခန့်မှန်းပါတယ်။

လက်ရှိမှာတော့ စပါး၊ပဲ၊စက်သုံးဆီ စတာတွေ မူလကထက်စျေးကျဆင်းသွားတာတွေ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here