မန္တလေး နန်းမြို့ရိုး အရှေ့ဘက်နှင့်တောင်ဘက်ခြမ်းရှိ ရတနာပုံ အပန်းဖြေဥယျာဉ်ဖွင့်ပွဲအခမ်းအနားပြုလုပ်မည်

0
160

မန္တလေး နန်းမြို့ရိုး အရှေ့ဘက်နှင့်တောင်ဘက်ခြမ်းရှိ ရတနာပုံ အပန်းဖြေဥယျာဉ်ဖွင့်ပွဲအခမ်းအနားပြုလုပ်မည်


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်ချက်ဖြင့်တည်ဆောက်ထားသော နန်းမြို့ရိုး အရှေ့ဘက်နှင့်တောင်ဘက်ခြမ်းရှိ ရတနာပုံ အပန်းဖြေဥယျာဉ်ဖွင့်ပွဲအခမ်းအနားကို ဧပြီ၁၃ရက်(သင်္ကြန်အကြိုနေ့)နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မန်းစည်ပင် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“ဖွင့်ပွဲအခမ်းအနားကို စည်စည်ကားကားပြုလုပ်သွားမှာပါ။ ကုန်းပေါ်မှာ လှည်းယာဉ်အလှပြနဲ့ကျုံးရေထဲမှာ လောင်းလှေအလှပြတွေလည်းဖွင့်ပွဲအခမ်းအနားအစီအစဉ်ထဲမှာပါပါတယ်။ဧပြီ၁၁ရက် ဒီနေ့မှာ ဖွင့်ပွဲအခမ်းအနားလုပ်ဖို့ အကြိုရီဟာဇယ်လေ့ကျင့်ကြတာပါ´´ဟု မန်းစည်ပင်တာဝန်ရှိသူတစ်ဦးကပြောသည်။

ရတနာပုံအပန်းဖြေဥယျာဉ်စီမံကိန်းအား မန္တလေးမြို့နေပြည်သူများ စိတ်အေးချမ်းသာစွာအပန်းဖြေအနားယူနိုင်ရန်နှင့်နိုင်ငံခြားခရီးသွားများ နန်းမြို့ရိုးအလှကြည့်ရှုခံစားနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၆၆လမ်း၊၂၆လမ်းနှင့်၁၂လမ်းကြား ကျုံးရေပြင်နှင့်နန်းမြို့ရိုးအကြား မြေနေရာလွတ်ကျုံးအရှေ့ဘက်ခြမ်းကို ဦးထိပ် ရတနာပုံအပန်းဖြေဥယျာဉ်၊၂၆လမ်း၊လမ်း၈၀နှင့်၆၆လမ်းကြား ကျုံးရေပြင်နှင့်နန်းမြို့ရိုးအကြား မြေနေရာလွတ်ကျုံးတောင်ဘက်ခြမ်းတို့တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုကဲ့သို့ ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ပြီးကျုံးမြောက်ဘက်ခြမ်းတွင်လည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်
ကြောင်း သိရသည်။


ရတနာပုံအပန်းဖြေဥယျာဉ်စီမံကိန်းအား တည်ဆောက်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဥယျာဉ်တည်ဆောက်ရေးဒီဇိုင်းပုံစံ ရေးဆွဲ၍ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များအကြံပြုချက်များနှင့်ယူနက်စကို(UNESCO)၏ စံချိန်စံညွှန်းသတ်မှတ်ချက်များကို အထူးဂရုပြုလိုက်နာကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်တည်ဆောက်ခဲ့
ခြင်းဖြစ်ကာ ဥယျာဉ်အတွင်း မင်းလှည်းလမ်း၁၆ပေ၊ကလေးများ စက်ဘီးစီးရန် စက်ဘီးလမ်း
၁၀ပေ၊လူသွားလမ်း၃၁ပေ၊ပရဆေးစိုက်ခင်းများ၊ပန်း အလှပင်များ၊နန်းမြို့ရိုးအလှ မပျက်စီးရန်အတွက် ၆ပေမကျော်သော သစ်ပင်ငယ်များ၊စားသောက်ဆိုင်ငယ်များ၊လူများအနားယူနိုင်ရန်ထိုင်ခုံများစသည်ဖြင့် ပါဝင်မည်ဖြစ်ကြောင်း၊ခေတ်မီလှပသော ပုံစံဒီဇိုင်းများကို အသုံးပြုကာ ဆောက်လုပ်နေခြင်းဖြစ်ကြောင်းနှင့်ရတနာပုံအပန်းဖြေဥယျာဉ် တည်ဆောက်ပြီးစီးပါက မန္တလေးမြို့ခံလူထုအား ဝင်ကြေး အခမဲ့ဖြင့် အပန်းဖြေအနားယူနိုင်မည်ဖြစ်ကြောင်းလည်း မန်းစည်ပင်မှစုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here