ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့ကြောင့်ပြည်သူ၁၀၀ကျော် နေရပ်စွန့်ခွါလာ

0
263

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့ကြောင့်ပြည်သူ၁၀၀ကျော် နေရပ်စွန့်ခွါလာ

ပူတာအိုခရိုင်၊ လုံရှာယန်ကျေးရွာမှ ဒေသခံအချို့သည် နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြိုနယ်၊ အာလံ ကျေးရွာအုပ်စု၊ အူဗျစ်ကျေးရွာသို ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်လာခဲ့ကြကြောင်းသိရသည်။

အဆိုပါတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည်ဧပြီ၁၀ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက သွားရောက်တွေ့ဆုံအားပေးပြီး ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ငွေများပေးအပ်ခဲ့ ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ် အစိုးရ အဖွဲအနေဖြင့် ခေတ္တနေရပ်စွန့်ခွာ ပြည်သူများအား ကျေးရွာများသို ပြန်လည်နေထိုင်နိုင်ရေး စီစဉ် ပိုဆောင်ပေးလျက်ရှိကြောင်းနှင့် မိမိတိုနေရပ်တွင် မိသားစုများအားလုံးကို အေးချမ်းလုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေး စီမံပို့ဆောင်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားသည်။

ထိုအပြင် ကလေးငယ်များ ပညာသင်ကြား ရေးအတွက် ကျောင်းဖွင့်ချိန်တွင် ကျောင်းအပ်နှံသွားနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင် ရရှိရေးတို့အတွက် မဖြစ်မနေ လုပ်ဆောင်သွားရေးတို့ကို အားပေးတိုက်တွန်းပြောကြားခဲ့သည်။

ပူတာအိုခရိုင်၊ လုံရှာယန်ကျေးရွာမှ နေရပ်စွန့်ခွာ ခေတ္တတိမ်းရှောင်လာကြသည့် အိမ်ထောင်စု အရေအတွက်မှာ (၂၃)စု၊ လူဦးရေ (၁၀၃)ဦးတို့ဖြစ်ကာ ၄င်းတို့အား ဆန်အိတ် ၂၅ အိတ်၊ ခေါက်ဆွဲခြောက်ဖာ ၁၈ ဖာနှင့် ကလေးငယ်များအတွက် အသင့်စားမုန့်ထုပ်များ၊ သက်ကြီး ဘိုး/ဘွားများနှင့် ကလေးငယ်မိခင်များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်အတွင်း ၂၀၂၂ ခုနှစ် မတ်လအတွင်းက နယ်မြေ လုံခြုံရေးအခြေအနေအရ ဆွတ်ပီယန်ကျေးရွာအုပ်စုမှ ဆွတ်ပီယန်၊ ခင်ဒူယန်၊ အင်စီးယန် ကျေးရွာ များနှင့် လုံရှာယန်ကျေးရွာ အုပ်စု၊ လုံရှာယန်ကျေးရွာတိုမှ မြစ်ကြီးနားမြိုနယ်သို့ရောက်ရှိ တိမ်းရှောင်နေသော ဒေသခံအိမ်ထောင်စုများအား မတ်လ ၃၀ ရက်နေ့တွင် တစ်ကြိမ်၊ ဧပြီ ၉ ရက်နေ့တွင် တစ်ကြိမ် မော်တော်ယာဉ်များ စီစဉ်ပေးခြင်းနှင့်အတူ ဆန်အိတ်များ၊ စားသောက်ဖွယ် ရာများ၊ ထောက်ပံ့ငွေများ ထောက်ပံ့ကာ ပြန်လည်ပိုဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here