မန်းရွှေစက်တော်ဘုရားပွဲ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် မှတ်ပုံတင်ပါရှိမှသာ လာရောက် ဖူးမျှော်ခွင့်ပြု

0
502

မန်းရွှေစက်တော်ဘုရားပွဲ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် မှတ်ပုံတင်ပါရှိမှသာ လာရောက် ဖူးမျှော်ခွင့်ပြု

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေးစက်တော်ဘုရားပွဲသို့ ကိုဗစ် ကာကွယ်ဆေးထိုးပြီးကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေး(မှတ်ပုံတင်) ပါရှိမှသာ လာရောက်ဖူးမျှော်ခွင့်ပြုထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဘုရားဖူးလာရောက်သူများကို ညအိပ်လက်မခံဘဲ၊ မန်းရွှေစက်တော်နှင့် အနီးဆုံးမြို့ဖြစ်သည့် ပဒန်းမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့၌သာ တည်းခိုခွင့်ပြုထားကြောင်း သိရသည်။

သို့သော် တစ်နေ့တာတည်းခိုဆောင်များကို ဖွင့်လှစ်ထားရှိပြီး၊ တည်းခိုဆောင် တစ်ဆောင်လျှင် ကျပ် တစ်သောင်းဖြင့် အနားယူရေချိုး၍ ရကြောင်း သိရသည်။

လက်ရှိတွင် အနီးပတ်ဝန်းကျင်မြို့များနှင့် မန္တလေးမြို့တို့မှာ လာရောက်ဖူးမျှော်သူ တစ်ရက်လျှင် လူထောင်ချီရှိနေပြီး၊ ဘုရားပွဲတော်ကို ဧပြီ ၅ ရက်မှ ဧပြီ ၁ရရက် (နှစ်ဆန်းတစ်ရက်နေ့) အထိဖူးမျှော်ခွင့်ပြုထားကြောင်း ဆိုသည်။

“ မန်းချောင်းအပန်ဖြေဆင်စခန်းမှာလည်း တည်းခွင့်မပြုထားဘူး။ ရွှေစက်တော်အတွင်းက တည်းခိုဆောင်တွေမှာလည်း တည်းခွင့် မပြုထားဘူး။ ဘုရားဖူးတွေအနေနဲ့ အနီးဆုံးမြို့ကို ပြန်တည်းခိုမှရမှာ။ လာတဲ့ သူတွေက ဒေသခံတွေ များပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် အဝေးက ဘုရားဖူးတွေ မလာကြဘူး။ လိုအပ်တဲ့ ဆေးထိုးကြောင်း လက်မှတ်နဲ့ မှတ်ပုံတင်တော့ ယူလာကြဖို့ ဂေါပက အဖွဲ့က မှာထားပေမယ့် ဆေးထိုးပြီးကြောင်း လက်မှတ်မပါလည်း သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပါဘဲ” ဟု ဒေသခံ တစ်ဦးက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here