သင်္ကြန်ရုံးပိတ်ရက်၌ မော်လမြိုင်-ရန်ကုန် ရထားအားနေ့စဥ်ပြေးဆွဲပေးသွားမည်

0
228

သင်္ကြန်ရုံးပိတ်ရက်၌ မော်လမြိုင်-ရန်ကုန် ရထားအားနေ့စဥ်ပြေးဆွဲပေးသွားမည်

သင်္ကြန်ရုံးပိတ်ရက်အတွင်း နေရပ်ပြန်မည့်သူများ၊နိုင်ငံ့ဝန်ထမ်းများနှင့်ခရီးသွားလာသူများအဆင် ပြေစေရန် မော်လမြိုင်-ရန်ကုန် ရထားအား နေ့စဥ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။

အဆိုပါ ရထားသည် မော်လမြိုင်-ရန်ကုန် အမှတ် (၉၀)အစုန်ရထားဖြစ်ဖြင့် နေ့စဥ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းရထားသည် မော်လမြိုင်ဘူတာမှ နံနက် ၈ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ ညနေပိုင်း၌ရောက်ရှိမည်ဖြစ်ကာ လက်မှတ်ခအဖြစ်ရိုးရိုးတန်းငွေကျပ် ၂၁၅၀ ၊ ပထမတန်းငွေကျပ် ၂၆၅၀ နှင့်အထက်တန်းငွေကျပ် ၄၂၅၀ သတ်မှတ်ထားကြောင်း သိရသည်။

“အများကြီးအဆင်ပြေတာပေါ့ဗျာ ကျွန်တော်တို့ကမိသားစုစားဝတ်နေရေးအတွက် ဒီရထားတွေကိုပဲအားပြုပြီးစျေးရောင်းနေရတဲ့အတွက် နေ့စဥ်ရထားထွက်မယ်ဆိုတော့ သင်္ကြန်ပိတ်ရက်လည်းစျေးရောင်းလို့ရသွားတာပေါ့”ဟုရထားပေါ်၌ လိုက်လံစျေးရောင်းချလေ့ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here